No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အကျဉ်းချုံးကျင်းပခဲ့တဲ့ ရန်ကုန်က ကရင်နှစ်သစ်ကူးပွဲတော် အလံတင်အခမ်းအနား ဇန်နဝါရီ ၁၃၊ ၂၀၂၁ ၂၇၆၀ ပြည့်နှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် အလံတင်အခမ်းအနားကို ဒီနေ့ မနက် ၅ နာရီခွဲက အင်းစိန်မြို့နယ်က မဟာဆေးဝင်္ဂဘာအာလိန်ငါးဆင့်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ နှစ်စဉ်ရိုးရာပွဲတွေ၊ လက်ဝှေ့ပွဲတွေ၊ ဒုံးအက အလှတွေနဲ့ ၃ ရက်တိုင်ကျင်းပလေ့ ရှိတဲ့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဒီနှစ်မှာတော့ ကပ်ရောဂါကြောင့် အကျဉ်းချုံးပြီးသာ ပြုလုပ်ခဲ့ရတာပါ။ ကပ်ရောဂါကာလဖြစ်လို့ ဥပဒေအတိုင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ အလံတင်အခမ်းအနားကို ပြင်ဆင်ဆောင်ရွက်ခဲ့တယ်လို့ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော် ကျင်းပရေးဗဟိုကော်မတီ ဥက္ကဌ ပါမောက္ခ ဖဒိုမန်းရွှေပြည်အေးက ပြောပါတယ်။ ဒီနေ့ပြုလုပ်တဲ့ အလံတင်အခမ်းအနားကိုတော့ လူ ၃၀ လောက်နဲ့ပဲ ပြုလုပ်ခဲ့တာဖြစ်ပြီး၊ လူမှုကွန်ယက်စာမျက်နှာကနေတဆင့်လည်း တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးခဲ့ပါတယ်။ ရုပ်သံသတင်းထောက် - ယဉ်မွန် Credit:7Day