No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပျဉ်းမနားမြို့ ဆန္ဒပြသူတွေကို လူစုခွဲ၊ ဖမ်းဆီးခံရ ~~~~~ ■ နေပြည်တော်၊ ပျဥ်းမနားမြို့က ဒေသခံ ပြည်သူ ၁၅၀ ဝန်းကျင်ဟာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြ လှုပ်ရှားမှုကို ရှမ်းစုလေးရပ်ကွက်မှာ မတ် ၂၀ ရက်နေ့၊ ဒီနေ့ ပြုလုပ်ခဲ့ပါတယ်။ မနက် ၁၁ နာရီခွဲလောက်မှာ ကြွေးကြော်သံတွေ ကြွေးကြော်ပြီး ဆန္ဒပြနေချိန်မှာ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့တဲ့အတွက် လူစုခွဲပြီး နေ့လယ် ၁၂ နာရီမှာ ထပ်မံလူစုပြီး ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီအခါမှာတော့ ရဲတပ်ဖွဲ့က အသံဗုံး၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ထပ်မံ လူစုခွဲခဲ့ရတယ်လို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ ဆန္ဒပြပွဲမှာ ဝန်းရံ ပါဝင်တဲ့သူတွေကို ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးခဲ့ပြီး ကနဦးအနေနဲ့ ဖမ်းခံရသူ ၉ ဦး​လောက်ရှိတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ Credit: