No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာနိုင်ငံတွင် ယခုလက်ရှိအချိန်အထိ တွေ့ရှိရသည့် ကိုဗစ် ဓာတ်ခွဲ အတည်ပြုလူနာ (၁၃၇,၀၉၈) ဦးအနက် (၆၃) ရာခိုင်နှုန်းသည် ကိုဗစ်ရောဂါ လက္ခဏာ တစ်စုံတစ်ရာမရှိဘဲ ပြင်ပအမြင်တွင် လူကောင်းပကတိသဖွယ် ဖြစ်နေသဖြင့် အခြားသူများထံသို့ ရောဂါကူးစက်စေနိုင်သည်ဆိုသည့် အချက်အား ပြည်သူများအနေဖြင့် အထူး (အထူး) သတိပြုကြကာ ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများအား တိကျစွာ (တိကျစွာ) လိုက်နာကြရန် အရေးကြီးကြောင်း ကျန်းမာရေးဝန်ကြီးဌာန က အသိပေးချက်ထုတ်ပြန်ထားသည်။ ထို့အပြင် လိုက်နာခြင်းမရှိပါက ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း ပြန်လည် မြင့်မားလာမည် ဖြစ်ကြောင်းလည်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (ကျန်းမာရေးဝန်ကြီးဌာန) ကိုဗစ် စည်းကမ်း ကိုဗစ်ချိန်ခါ၊ အိမ်မှာနေနား၊ ပြင်သွား မက်တပ်၊ ခပ်ခွာခွာနေ၊ ခြောက်ပေဝေးကွာ၊ မကြာလက်ဆေး၊ လူစုဝေးကို ရှောင် ။ ဆောင်ရွက်ကြစို့၊ ကျန်းမာဖို့၊ တို့ရဲ့ ဤလူ့ဘောင် ။ ။ (ဇော်လင်းမြင့်) Credit: