
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ၃မြို့နယ်တွင် အသက်၆၅နှစ်နဲ့အထက် ပြည်သူများ အား (ယနေ့) ဖေဖော်ဝါရီလ၅ရက် တွင် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ၎င်း၏ လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာက မှတ်ချက်တွင် ရေးသားရှင်းလင်းအသိပေးထားသည်။ “ရန်ကုန်မှာဆိုရင် မြို့နယ်၃မြို့နယ်နဲ့ စပါမယ်။ ဖြစ်ပွားသေဆုံးမှုများတဲ့ မြို့နယ်ဖြစ်တဲ့ ဒဂုံမြိုကနယ် ပန်းပဲတန်း၊ ဗိုလ်တထောင်နဲ့စထိုးမှာပါ။ တဖြည်းဖြည်းချဲ့ပါမယ်” ဟုဒေါက်တာခင်ခင်ကြီးက ရေးသားထားခြင်း ဖြစ်သည်။ ဖေဖော်ဝါရီလ ၅ရက်မှစ၍ ဖေဖော်ဝါရီလအတွင်း (၁) ပြည်ထောင်စုအစိုးရအဖွဲ့အစည်းဝင်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး(သို့မဟုတ်) ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ ၊အတွင်းရေးမှူးနှင့်အဖွဲ့ဝင်များ၊(၂) ဝန်ကြီးဌာနများနှင့်ဗဟိုရုံးချုပ်များ၊ တိုင်းဒေသကြီး၊ ပြည်နယ်အဆင့် ဝန်ကြီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးအဆင့်နှင့်အထက် နိုင်ငံ့ဝန်ထမ်းများ၊ (၃) မိမိနေအိမ်တွင် သာနေထိုင် ရမည့်အစီအစဉ်( Stay at home) တွင်ပါဝင်သည့် မြို့နယ်၄ဝမှ အသက်၆၅နှစ်နှင့် အထက် မိဘပြည်သူများ၊ (၄) ယခင်အစိုးရလက်ထက်ကတာဝန်ထမ်းဆောင်ခဲ့သော ပြည်ထောင်စုအဆင့်ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များကို ကာကွယ်ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်းကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကသိရသည်။ မြန်မာနိုင်ငံတွင် Covid-19 ကာကွယ်ဆေးစတင်ထိုးနှံခြင်းလုပ်ငန်းကို ဇန်နဝါရီလ ၂ရရက်တွင်စတင်ဆောင် ရွက်ခဲ့ပြီး ဖေဖော်ဝါရီလ ၂ရက်အထိ စာရင်းများအရ Covid-19 ကာကွယ်၊ ကုသ၊ထိန်းချုပ်ရေးလုပ်ငန်းများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းနှင့်စေတနာ့ဝန်ထမ်း ၁၀၃၁၄၂ ဦးကိုကာကွယ်ဆေးထိုးနှံ ပေးခဲ့ပြီးဖြစ်သည်။ မေသက် Credit: