No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ယာယီပိတ်ထားတဲ့ပန်းခြံတွေ ဒီမနက်ကစပြီးအချိန်ပိုင်းနဲ့ပြန်ဖွင့်ပြီ ----------------- ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရန်အတွက် လူစုလူဝေးမဖြစ်ပွားစေရန်ရည်ရွယ်ပြီး ၂၀၂၀၊ဒီဇင်ဘာ၂၁ရက်ကစတင်ကာယာယီပိတ်ခဲ့တဲ့ ရန်ကုန်တိုင်းအတွင်းကပန်းခြံတွေကို ဒီကနေ့မနက်(ဇန်နဝါရီ၂၁ရက်) ကစတင်ပြီး အချိန်ပိုင်းနဲ့ပြန်ဖွင့်ပေးလိုက်ပြီဖြစ်ပါတယ်။ အများပြည်သူအနားယူအပန်းဖြေရာနေရာတွေဖြစ်တဲ့ ပန်းခြံနဲ့ကစားကွင်းတွေကို လက်ရှိကာလမှာ မနက်၅နာရီကနေ ၉နာရီခွဲအထိသာအချိန်ပိုင်းနဲ့ပြန်ဖွင့်ပေးခဲ့တာဖြစ်ပြီး ပန်းခြံဖွင့်ချိန်/ပိတ်ချိန်တွေနဲ့ လိုက်နာရမယ့်စည်းမျဉ်းတွေကိုလည်း နှိုးဆော်စာတွေချိတ်ဆွဲဖော်ပြထားတယ်လို့သိရပါတယ်။ အချိန်ပိုင်းနဲ့ပြန်ဖွင့်ပေးခဲ့တဲ့ပန်းခြံတွေမှာ စည်းကမ်းချက်(၁၀)ချက်ထုတ်ပြန်ထားပြီးလိုက်နာရန်နှိုးဆော်မှုတွေလည်းပြုလုပ်ထားတယ်လို့သိရပါတယ်။ အချိန်ပိုင်းနဲ့ပြန်ဖွင့်ခဲ့တဲ့ ပထမဆုံးမနက်ခင်းမှာ အားကစားလေ့ကျင့်ခန်းလာရောက်လုပ်ကိုင်သူတွေနဲ့စည်ကားခဲ့ပြီး အများစုကတော့စည်းကမ်း(၁၀)ချက်မှာပါဝင်တဲ့ နှာခေါင်းစည်း(Mask) ကို အချိန်ပြည့်တပ်ဆင်ခြင်းမရှိတာကိုမြင်တွေ့ရပါတယ်။ ဓာတ်ပုံ- ဝင်းလွင်၊ သားကြီး Credit