No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

နစက ကိုနိုင်ငံတကာတွင်တရားစွဲရန် ဥပဒေအကြံပေးကုမ္ပဏီ ငှားရမ်းပြီဟု CRPH ထုတ်ပြန် . ဖေဖော်ဝါရီ (၁) ရက်နေ့မှစ၍ ဖွဲ့စည်းမှုအခြေခံ ဉပဒေနှင့် မညီညွတ်သော အာဏာသိမ်းမှု၊ အကြမ်းဖက် လက်နက်ကိုင်၍ ဖမ်းဆီးမှုများ၊ ငြိမ်းချမ်းစွာ ဆန္ဒပြသူ ပြည်သူများအား ဖြိုခွင်း သတ်ဖြတ်မှုများကို လုပ်ဆောင်နေသည့် နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီ (နစက) ကိုနိုင်ငံတကာဉပဒေဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်ရန် မြန်မာနိုင်ငံသည် CRPH မှတစ်ဆင့် နိုင်ငံတကာ ဉပဒေအကြံပေးကုမ္ပဏီ Volterra Fietta ကို တရားဝင်ဆက်သွယ် ဌားရမ်းမှု ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ . တဆက်တည်းတွင် အဆိုပါ နိုင်ငံတကာဉပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် အချိန်ယူ၍ လုပ်ဆောင်ရမည်ဖြစ်သော်လည်း စစ်သားများ၊ ရဲများနှင့် လူ့အခွင့်အရေးချိုးဖောက်သော အကြမ်း ဖက်သူများအားလုံးကို တရားစွဲဆိုနိုင်ရန်အတွက် အင်တိုက်အားတိုက်၊ မမှိတ်မသုန် ဆက်လက်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ တရားစွဲဆိုမှုများတွင် အသုံးပြုရန်အတွက် သက်သေအထောက်အထားများစွာကို လည်းစု‌ဆောင်းလျက်ရှိကြောင်း ဖော်ပြထားသည်။ . ထို့ပြင် မြန်မာနိုင်ငံ၏ ဉပဒေရေးရာအဖွဲ့သည် နိုင်ငံတကာဉပဒေပညာရှင်များထဲတွင် ကမ္ဘာ့ လူအများလေးစားခံရသော ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် Robert Volterra နှင့် လူ့အခွင့်အရေးချိုး‌ဖောက်မှုများ နှင့်ပတ်သတ်သည့် ပညာရှင် Álvaro Nistal တို့မှ ဦးဆောင်သွားမည် ဟု ရေးသားထားသည်။ . ထို့နောက် Volterra Fietta သည် မြန်မာနိုင်ငံ၏ အမှန်တရားနှင့်တရားမျှတမှုရရှိရေးအတွက် ကြိုးပမ်းမှုများကို ကမ္ဘာ့အကျွမ်းကျင်ဆုံး နိုင်ငံတကာဉပဒေကျွမ်းကျင် သူများအဖွဲ့ကို အသုံးပြု၍ အားပေးကူညီသွားမည် ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားသည်။ . တချိန်တည်းတွင် အဆိုပါတရားစွဲစိုမှု၏ ကိစ္စအဝဝကို ပြည်ပရောက် မြန်မာနိုင်ငံသားများမှ ပြည်တွင်းရှိ မြန်မာနိုင်ငံသား များနှင့် အတူလက်တွဲကူညီ ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဟု ထပ်မံဖော်ပြထားသည်။ . သတင်း : Kyaw Kyaw Oo (Mass Comm.) ဓာတ်ပုံ : Google . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Credit: