
"ရက်ပေါင်း ၇၄ ရက်အကြာတွင် ကိုဗစ်လူနာ သေဆုံးသူ ၁၀ ဦး သို့ ကျဆင်း၊ ပိုးတွေ့လူနာသစ် ၆၀၅ ဦးတိုးလာကာ အတည်ပြုလူနာ ၁၃၂,၈၆၅ ဦးရှိလာ၊ သေဆုံးသူ စုစုပေါင်း ၂,၉၁၂ ဦးရှိပြီဖြစ်" ရက်ပေါင်း ၇၄ ရက် အကြာတွင် ကိုဗစ်လူနာသေဆုံး သူ ၁၀ ဦးသို့ကျဆင်းခဲ့ပြီး လူနာ သစ် ၆၀၅ ဦးစစ်ဆေးတွေ့ရှိရ ကြောင်း ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည်။ အောက်တိုဘာ ၁ ရက်နေ့ က ပိုးတွေ့လူနာ ၁၁ ဦးသေဆုံးခဲ့ ပြီးနောက်ပိုင်း ပိုးတွေ့လူနာသေ ဆုံးမှုမှာ ၂၀ ပတ်ဝန်းကျင်နေ့စဉ် ရှိနေပြီး အောက်တိုဘာ ၁၁ ရက် တွင် ၄၈ ဦးအထိသေဆုံးခဲ့သည်။ ထို့ကြောင့် ရက်ပေါင်း ၇၄ ရက် အကြာတွင် ၁၀ ဦးသို့ ကျဆင်းခဲ့ ခြင်းဖြစ်သည်။ သတင်းအပြည့်အစုံ https://7day.news/301638 Credit