No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ချင်းပြည်နယ်မှာ ဆန္ဒပြပွဲဦးဆောင်သူ ၁၀ ဦး ကို ၅၀၅ (က) နဲ့ အမှုဖွင့်ထား ~~~~~ ■ ချင်းပြည်နယ်၊ ဟားခါးမြို့နဲ့ ဖလမ်းမြို့တွေမှာ စစ်အာဏာရှင် ဆန့်ကျင်ဆန္ဒပြပွဲ ဦးဆောင်သူ ၁၀ ဦးကို ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့် အရေးယူထားပါတယ်။ ဟားခါးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာမှာပါဝင်တဲ့သူ ငါးဦးကို ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့် ဖမ်းဝရမ်းထုတ်ထားပြီး သူတို့ရဲ့ဓာတ်ပုံတွေကို ဟားခါးမြို့က လူအသွားအလာများတဲ့နေရာတွေမှာ ရဲတပ်ဖွဲ့နဲ့ စစ်သားတွေက မတ် ၁၃ ရက်နေ့က လိုက်ကပ်ထားကြောင်း မြို့ခံတစ်ဦးက ပြောပါတယ်။ “ဓာတ်ပုံတွေနဲ့ မြို့ထဲမှာ လိုက်ကပ်ပြီး ဝရမ်းထုတ်ထားတာ၊ နိုင်ငံရေးသမား CNLD ပါတီ အတွင်းရေးမှူး၊ တစ်ယောက်ကတော့ မီးသတ်က CDM လုပ်တဲ့သူ၊ ပြီးတော့ နောက် သုံးယောက်က ဟားခါး CDM ကော်မတီရဲ့ သပိတ်စစ်ကြောင်းမှာ သူတို့ဦးဆောင်တဲ့သူတွေပဲ” ချင်းပြည်နယ် ဖလမ်းမြို့မှာလည်း မတ် ၁၂ ရက်နေ့က ဆန္ဒပြပွဲ ဦးဆောင်သူ နှစ်ဦးကို ပုဒ်မ ၅၀၅ (က) နဲ့ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖလမ်းမြို့ ဆန္ဒပြပွဲ ဦးဆောင်သူ သုံးဦးကိုလည်း ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးအမှုဖွင့်ထားတာကြောင့် တရားရင်ဆိုင်နေရပါတယ်။ ပုဒ်မ ၅၀၅ (က) နဲ့ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ရင် ထောင်ဒဏ် သုံးနှစ်အထိ ကျခံရနိုင်ပါတယ်။ Credit: