
မြင်းခြံသပိတ် ပစ်ခတ်ဖြိုခွင်းမှု လေးဦး သေဆုံး၊ ဒဏ်ရာရသူတွေလည်းရှိ မြင်းခြံံမြို့က စစ်အာဏာသိမ်းဆန့်ကျင်ဆန္ဒပြသပိတ်စစ်ကြောင်း ဒီနေ့ မတ်လ (၁၅)ရက်၊ မနက် ၁၀ နာရီဝန်းကျင်မှာဖြိုခွဲခံရပြီး အမျိုးသမီးတစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ပြီးဒဏ်ရာရသူတွေလည်းရှိနေတယ်လို့ မျက်မြင်သက်သေက ဘီဘီစီကိုအတည်ပြုပါတယ်။ သေဆုံးသူလေးဦးအနက် တစ်ဦးရဲ့ ရုပ်အလောင်းကိုတော့ တပ်ဘက်က ယူသွားတယ်လို့ မျက်မြင်သက်သေကပြောပါတယ်။ ဒီအကြောင်းအပါအဝင်နောက်ဆုံးရသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-56331237 ပုံစာ-မြင်းခြံမှာ မနေ့ မတ်လ ၁၄ ရက်မနက်ပိုင်းက ဆန္ဒထုတ်ဖော်မှုမြင်ကွင်းဖြစ်ပါတယ်။ အင်တာနက်အခက်အခဲကြောင့် ဒီကနေ့ နောက်ဆုံးရမြင်းခြံသတင်းဓာတ်ပုံများ ရရှိခြင်းမရှိနိုင်သေးကြောင်း အစီရင်ခံအပ်ပါတယ်။ Credit: