
CRPH နဲ့ မဆက်သွယ်ဖို့ သတင်းမီဒီယာတွေကို စစ်ကောင်စီခြိမ်းခြောက် ~~~~~ ■ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) နဲ့ ဆက်သွယ်ရင် မတရားအသင်းအက်ဥပဒေပုဒ်မ ၁၇(၁) နဲ့ တရားစွဲခံရမယ်လို့ စစ်ကောင်စီက ဒီနေ့ခြိမ်းခြောက်လိုက်ပါတယ်။ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက CRPH နဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေမှာ ဖော်ပြချက်တွေဟာ CRPH ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေကို အားပေးကူညီရာရောက်ရင် ပြစ်မှုမြောက်တယ်လို့ ဒီကနေ့နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကတော့ အာဏာသိမ်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်တဲ့ ဘယ်အမိန့်ကိုမှ မလိုက်နာဖို့လည်း ပြည်သူတွေကို အသိပေး တိုက်တွန်းထားတာပါ။ Credit: