No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ဘန်ခဲဈေးအပါအဝင် ဘန်ကောက်မြို့တွင်းက ဈေးပေါင်း ၆ ခုကို ကိုဗစ်စစ်ဆေးခဲ့ရာ သံသယ (အတည်ပြုရန်စောင့်ဆိုင်း) လူနာ ၃,၁၈၆ ဦးရှိနေဟုဆို ! ဘန်ခဲဈေးတစ်နေရာထဲမှာပဲ ၈၀ ဦးထက်မနည်း ကိုဗစ်ကူးစက်ခံထားရ! . ၂၀၂၁ မတ်လ ၇-၁၃ ရက်နေ့အတွင်း ဘန်ကောက်မြို့ ဖာစီချရောင်းမြို့နယ် ဘန်ခဲဈေးက ဈေးသူဈေးသား ၄,၀၄၆ ဦးကို ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်ပေးခဲ့ရာ ကိုဗစ်ကူးစက်ခံထားရတဲ့လူနာ ၉၆ ဦးတွေ့ရှိခဲ့ပြီး အဲဒီအထဲမှာ မြန်မာနိုင်ငံသား ၃၉ ဦးပါဝင်တယ်လို့သိရပါတယ်။ . ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့သူအများစုကတော့ ဈေးသူဈေးသားတွေဖြစ်ပြီး ကွင်းစက်ရဲ့အစကိုတော့ စမွတ်ဆာခွန်လို့ယူဆရပေမယ့် အတိအကျမပြောနိုင်သေးဘူးလို့ posttoday မှာရေးသားထားပါတယ်။ . ထိုင်းပြည်သူကျန်းမာရေးဌာနက ဆရာဝန်ကြီးကတော့ ဘန်ခဲဈေးကို ဖေဖေါ်ဝါရီလကုန်ပိုင်းက သွားရောက်ခဲ့ဖူးသူ တွေအနေနဲ့ နီးစပ်ရာဆေးရုံဆေးခန်းများတွင် ဘန်ခဲဈေးကိုသွားခဲ့ကြောင်းအသိပေးပြီး ဆေးစစ်မှုအခမဲ့ခံယူနိုင် တယ်လို့ထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။ . ထိုင်းပြည်သူ့ကျန်းမာရေးဌာနကယနေ့ ၂၀၂၁ မတ်လ ၁၅ ရက်နေ့တွင် နံနက် ၁၀ နာရီကစလို့ ဒမော်ဘန်ခဲ ကုန်တိုက်ရှိ ပန်းခြံတွင် အခမဲ့ကိုဗစ်စစ်ဆေးမှုများပြုလုပ်ပေးသွားမှာဖြစ်တယ် လို့သိရပါတယ်။ . WinHtet (MML) #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife Credit: