
ပိုးတွေ့လူနာ မြင့်တက်လာသောကြောင့် ကျောက်ဆည်ဆေးရုံ ပုံမှန်ခွဲစိတ်မှုများ ရပ်နား =============================================== မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် COVID - 19 အတည်ပြုလူနာ တွေ့ရှိမှု မြင့်တက် လာသည့်အပြင် ကျောက် ဆည်အထွေထွေရောဂါကုဆေးရုံကြီးမှ ဝန်ထမ်းများပါ ကူးစက်မှုရှိလာ သ ဖြင့် ပုံမှန်ခွဲစိတ်မှုများကို ဇန်နဝါရီလ ၂၁ ရက်မှစတင်၍ယာယီရပ်နားခဲ့ကြောင်း ကျောက်ဆည် အထွေ ထွေရောဂါကုဆေးရုံကြီးက သိရသည်။ ကျောက်ဆည်အထွေထွေရောဂါကုဆေးရုံကြီးမှ ဓာတ်ခွဲဝန်ထမ်း ၂ ဦး၊ သူနာပြု ၂ဦး စုစုပေါင်း ဆေးရုံဝန်ထမ်း ၄ ဦး COVID -19 ကူးစက်ခံနေရကြောင်း အဆိုပါ ဆေးရုံက သိရသည်။ အနံ့ပျောက် ဆေးရုံလာပြတဲ့ ၄ဦးကို RDT စစ်တော့ ၃ ဦး ပေါ့စတစ် တွေ့တယ်၊ အဲဒီထဲက Positive တစ်ဦးကဖျားနာဆောင်မှာ လွန်ခဲ့တဲ့ ၃ ရက်လောက်က လူနာစောင့်လာလုပ်သွားတယ်လို့ သိရတယ်၊ သူ့ရဲ့လူနာကဆေးရုံမှာပဲရှိသေးတော့ RDTဆက်စစ်တPositive အဖြေထွက်လာတယ်၊ ဒါကြောင့် ဖျားနာဆောင် တာဝန်ကျ ဝန်ထမ်းတွေအားလုံးကို Medical Check Up အနေနဲ့ RDT စစ်လိုက်တော့ သူနာပြုဝန်ထမ်း ၂ ဦး Positive ဆက်တွေ့ပါတယ်။မနေ့က ဆေးရုံစီမံခန့်ခွဲမှုကော်မတီ အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဖြစ်ပေါ်နေတဲ့ ကိုဗစ်ကူးစက်မှု အခြေအနေတွေကို သုံးသပ်ဆွေးနွေးပြီး တော့မှ ဒီနေ့က စပြီး အခုလကုန်အထိ ပုံမှန်ခွဲစိတ်မှုတွေ ရပ် နားဖို့ ဆုံးဖြတ်ခဲ့ကြတယ်၊ ဒါကြောင့် အရေး ပေါ်ခွဲစိတ်မှုလောက်ပဲ လုပ်ပေးနိုင်တော့မှာပါဟု ကျောက် ဆည်အထွေထွေရောဂါကုဆေး ရုံအုပ်ကြီး ဒေါက်တာဝင်းမော်က ပြောသည်။ ကျန်းမာရေးဝန်ထမ်းများ ထပ်မံကူးစက်ခံရမှု ရှိလာပါကလည်း ထိတွေ့မှုရှိသည့် ဌာနများကို အပိုင်း လိုက် ယာယီ ပိတ်သိမ်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ကျနော်တို့ အချိန်အတိုင်းအတာ တစ်ခုအထိ တောင့်ခံထားနိုင်ခဲ့ပေမဲ့ အခုတော့ မာယာများတဲ့ ကိုဗစ်က ဝင်လာခဲ့ပါပြီ၊ ဆေးရုံဝန်ထမ်း ၄ ဦး Positive ဖြစ်သွားပါပြီ၊ နောက်ထပ် ကျန်းမာရေး ဝန် ထမ်းတွေ ထပ်ထိရင် ထိတဲ့ဌာနကို အပိုင်းလိုက် ပိတ်သွားဖို့ စီစဉ်ထားပါတယ်၊ ဒါကြောင့် အားလုံး ပူးပေါင်းဆောင်ရွက်ပေးကြပါလို့ ပြောချင်ပါတယ်ဟု ဒေါက်တာဝင်းမော် က ဆက်လက်ပြောသည်။ ဇန်နဝါရီလ ၂၀ ရက်ထိ စာရင်းများအရ ကျောက်ဆည် အထွေထွေရောဂါ ကု ဆေးရုံကြီးမှ သူနာပြု နှစ်ဦး၊ ကျောက်ဆည်မြို့မရဲစခန်းမှ အချုပ်သားနှစ်ဦး၊ တံစိုးယာဉ်စစ်ဂိတ်မှ တစ်ဦး၊ မြင်စိုင်းမှ တစ်ဦး၊ ကြက်မင်းတွန်ရပ်ကွက်မှ တစ်ဦး၊ ရွှေလေးကျေးရွာမှ ငါးဦးတို့ကိုဗစ်အတည်ပြုလူနာများဖြစ်ကြောင်း သိရသည်။ ယခုအခါ ကျောက်ဆည်မြို့နယ်တွင် ပိုးတွေ့အတည်ပြုတွေ့ရှိမှုအဖြစ် ၂၀၈ ဦးထိ ရှိပြီး ကုသမှုခံယူဆဲ ၅၃ ဦး၊ ဆေးရုံဆင်း ၁၅၄ ဦး၊ သေဆုံး တစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ နိုင်ထူး Credit