
သဲမုန်တိုင်းကြောင့် ဘေ့ဂျင်းတွင် လိမ္မော်ရောင်တိမ်တိုက်ဖုံးကာ ၃၄၁ ဦးပျောက်ဆုံးနေ ဧရာဝတီ ဂိုဘီ သဲကန္တာရမှ စတင်သော သဲမုန့်တိုင်းကြောင့် အဝါရောင် ဖုံတိမ်လိပ်များက တရုတ်မြို့တော် ဘေဂျင်းကို ပျောက်ကွယ်လုမတတ် ဖုံးလွှမ်းထားကြောင်း သတင်းများကဆိုသည်။ လေထုညစ်ညမ်းမှုအဆင့်မှာ ကြောက်စရာကောင်းလောက်အောင်မြင့်မားနေပြီး၊ နေ့စဉ်လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းကုန်ကြောင်း သိရသည်၊ မွန်ဂိုလီးယားမှ လာသော ထိုမုန်တိုင်းအတွင်း လက်ရှိအချိန်အထိ သိရသလောက် လူ ၃၄၁ ဦးပျောက်ဆုံးနေကြောင်း တရုတ်မီဒီယာအချို့ဖေါ်ပြသည်။ တရုတ်ပြည်တွင် သဲမုန်တိုင်းတိုက်သည်မှာ အထူးအဆန်းမဟုတ်သော်လည်း လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဘေ့ဂျင်းသို့ ယခုလောက်ပြင်းထန်သည့် သဲမုန်တိုင်း တိုက်ခတ်ခြင်းမရှိဟု ဆိုကြသည်။ ဖုံတိမ်တိုက်များကြောင့် လေယာဉ်ခရီးစဉ် ၄၀၀ကျော်ကို ဖျက်သိမ်းခဲ့ရပြီး၊ လာမည့်ရက်အနည်းငယ်အထိ ဘေဂျင်း၏ ရာသီဥတုမှာ သင့်တော်သော ရာသီဥတုဖြစ်မည်ဟုတ်ဟု တရုတ်မိုးလေဝသကဆိုသည်။ ကိုးကား- globe news inside Credit: