No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာပြည်က ပြေးလာသူတွေကို လက်ခံဖို့ ထိုင်းအစိုးရပြင်ဆင် ~~~~~~ ■ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းနေတာမို့ မြန်မာနိုင်ငံက ဒုက္ခသည်တွေ လှိမ့်ဝင်လာနိုင်တဲ့ အလားအလာရှိတဲ့အတွက် မြန်မာ့အိမ်နီးချင်း ထိုင်း အစိုးရကပြင်ဆင်သင့်တာတွေ ပြင်ဆင်နေပြီလို့ ဝန်ကြီးချုပ် ပရာယုဒ်ချန်အိုချာက ဒီနေ့ပြောကြားလိုက်ပါတယ်။ ထိုင်းနယ်မြေထဲ လူတွေအစုလိုက်အပြုံလိုက်ဝင်လာမှာ မလိုလားပေမယ့် လူ့အခွင့်အရေးကိုလည်း ကြည့်ရမယ်လို့ ဝန်ကြီးချုပ်က သတင်းထောက်တွေကိုပြောပါတယ်။ ဒီနေ့ထုတ် Bangkok Post သတင်းမှာတော့ စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်တဲ့အတွက် ကရင်ပြည်နယ်က ရွာသား ၃၀၀၀ လောက် ထိုင်းနိုင်ငံထဲ မနေ့က ထွက်ပြေးလာကြတယ်လို့ ဖော်ပြပါတယ်။ KIC ကရင်သတင်းစဉ်ကတော့ မတ် ၂၇ ရက်နဲ့ ၂၈ ရက်မှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် မူတြော်လို့ ပြောတဲ့ ဖာပွန်ဒေသခံ ရွာသားတသောင်းကျော် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဖော်ပြပါတယ်။ KNU အမျိုးသားအစည်းအရုံးက ဒီနေ့သတင်းထုတ်ပြန်တာကို ကိုးကားဖော်ပြတာဖြစ်ပြီး KNU ထိန်းချုပ်နယ်မြေအတွင်းက ဒေပူနို၊ တနေးလူတောင်ကုန်း၊ ကလိုဘောထာ၊ မောယူနီ၊ သယ်ဘိုးပလော၊ သီးကောထာနဲ့ ဟိုကေ စတဲ့ ကျေးရွာ ၇ ရွာကို စစ်ကောင်စီက ဗုံးကြဲခဲ့တယ်လို့ ဆိုပါတယ်။ ----------- Credit: