‘ဆန္ဒပြပြည်သူများအကြမ်းဖက်မှုများကို သတိထားရှောင်ရှားကြရန် ဒီချုပ်အမတ်ဦးစည်သူမောင် ပြောကြား’ ရန်ကုန် - တပ်မတော်က အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ဆန္ဒပြပွဲများကို ရန်ကုန်မြို့ရှိ ဆူးလေအပါအဝင် မြို့တွင်းနေရာအနှံ့အပြားတွင် လေးရက်မြောက်နေ့အဖြစ် ဆက်လက်ဆန္ဒပြနေကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ရွေးကောက်ပွဲအနိုင်ရ တွံတေးမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်နှင့် ပန်းဘဲတန်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးစည်သူမောင်တို့က ယနေ့ မြို့တော်ခန်းမဘေးရှိဆန္ဒပြပြည်သူများအား လာရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားသည်။ အာဏာရှင်စနစ်ဖြုတ်ချရေးပြည်သူများ ဆက်လက်တိုက်ပွဲဝင်ကြရန် ၎င်းတို့ကတိုက်တွန်းခဲ့သည်။ ထို့အပြင်အကြမ်းဖက်မှုအန္တရာယ်ကိုသတိထားရှောင်ရှားရန်လည်း ဦးစည်သူမောင်က ပြောသည်။ ဓာတ်ပုံ - 7Day News Credit:
