
အမြန်လမ်းတွင် အသားစားကြက်များတင်ဆောင်လာသောယာဉ်မှ ထင်းများတင်ဆောင်လာသော ယာဉ်ကိုဝင်တိုက်မိ၍ နှစ်ဦးဒဏ်ရာရ ==================================================== ရန်ကုန်-မန္တလေးအမြန်လမ်းကြီး၊ မိုင်တိုင်အမှတ်(၁၉၃/၄) နှင့် (၁၉၃/ ၅) အကြား၊ ရန်ကုန်-နေပြည်တော်ဘက် အခြမ်းတွင် ယနေ့ ဇန်နဝါရီလ ၂၄ ရက် နံနက် ၄ နာရီခွဲခန့်အချိန်က အသားစားကြက်များတင်ဆောင်လာသော Center (အမျိုးအစား)(၆)ဘီးယာဉ်မှာ အရှိန်မထိန်းနိုင်ဘဲ ရှေ့မှလားရာတူ ထင်းများတင်ဆောင်လာ၍ မောင်း နှင်နေသော ယာဉ်ကိုဝင်တိုက်မိခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သိရသည်။ ယင်းကြောင့် Center (အမျိုးအစား)(၆)ဘီး ယာဉ်ပေါ်ပါ အမျိုးသား (၂)ဦး အနက် ယာဉ်မောင်းမှာ ကားခေါင်း ခန်းအတွင်း ညပ်မိနေကြောင်းသတင်းရရှိသဖြင့် ပလွေးအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေး ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရကြောင်း သိရသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရသော အမျိုးသား နှစ်ဦးအား ကြက်ခြေနီပိုင်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်းလည်း သိရသည်။ Credit: