No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"မသင်္ကာဖွယ်လူအုပ်စု​တွေ့သဖြင့် မန္တ​လေးမြို့ ၇၈ လမ်းနှင့် ၃၈ လမ်း​ထောင့်သို့ မသွားရန် ပြည်သူအချင်းချင်း​မေတ္တာရပ်ခံ" မန္တလေးမြို့ ၇၈လမ်းနှင့် ၃၈လမ်းထောင့်တွင် မသင်္ကာဖွယ် လူအုပ်စုတစ်စုရှိနေ၍ ပြည်သူများ အဆိုပါနေရာသို့ မသွားရန် ဝိုင်း၀န်းမေတ္တာရပ်ခံနေကြသည်။ ရဲတပ်ဖွဲ့၀င်များအား သွားရောက်ရန်စနေသည့် လူတစ်ယောက်အား ပြည်သူများကဖမ်းဆီးကာ ရဲလက်သို့ အပ်လိုက်​​သည်ကို တွေ့မြင်ရသည်။ "သူ့အိတ်ထဲမှာ ဓါတ်ဆီပုလင်းကော လေးခွကောပါတာတွေ့ရတယ်။ ကျွန်တော်တို့လည်း နိုင်သလောက် လူစုခွဲဖို့ပြောနေတယ်။"ဟု လမ်းရှင်းပေးနေသူ အမျိုးသားတစ်ဦးက ပြောသည်။ Credit: