
လှိုင်သာယာကိုစစ်ကားများ ထပ်မဝင်နိုင်စေရန် ခံတပ်များပြင်ဆင်ကာ ဟန့်တားထား ရန်ကုန်- ၂၀၂၁ မတ် ၁၅ (မော်ကွန်း) စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ကာ ပစ်ခတ်နှိမ်နင်းမှုကြောင့် လူပေါင်းများစွာ ကျဆုံးနေရသော လှိုင်သာယာမြို့နယ်ကို စစ်ကားများ ထပ်မံမဝင်ရောက်နိုင်စေရန် ဘုရင့်နောင်မြစ်ကူးတံတားကို ဆက်သွယ်ထားသည့် သမိုင်းဘူတာရုံလမ်းတလျောက်ကို ခံတပ်များပြုလုပ်ကာ ပြည်သူများက ပိတ်ဆို့ထားသည်။ ထိုခံတပ်များကြောင့် ထိုလမ်းမကြီးနှင့် ဘုရင့်နောင်မြစ်ကူးတံတားတို့ကို ယာဉ်များအသုံးပြုနိုင်မည်မဟုတ်ပေ။ လှိုင်သာယာရှိမြို့နယ်နှစ်ခုအပါအဝင် အာဏာသိမ်းစစ်အစိုးရသည် ရန်ကုန်ရှိ မြောက်ဥက္ကလာပမြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်းမြိုနယ်နှင့်ရွှေပြည်သာမြို့နယ်များကို စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်ကာ နှိမ်နင်းရန် ပြင်ဆင်ထားသည်။ Credit: