No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေးမြို့မှာ အာဏာသိမ်း စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ဆန္ဒပြသူတွေကို ဖြိုခွင့်ဖို့ နေရာတိုင်းလိုလိုမှာ အသင့်ရှိနေပေမယ့် မတ်လ ၁၇ ရက်နေ့ မှာ မန္တလေး သံဃသမဂ္ဂ စစ်ကြောင်းဟာ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ သံဃာသမဂ္ဂ စစ်ကြောင်းမှာ ဗကသ ကျောင်းသားတွေလည်း ပူးပေါင်းပါဝင်ခဲ့ပြီး စစ်အာဏာရှင်ကျရှုံးရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေး၊ ဖမ်းဆီးခံထားရသူတွေ လွှတ်ပေးရေး စတာတွေကို ငြိမ်းချမ်းစွာတောင်းဆိုခဲ့ကြပါတယ်။ #dvbtvnews #mandalay #protest #RejectMilitaryCoup #whatishappeninginmyanmar Credit: