No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေးတိုင်းတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးသွင်းပေးမည့် ဆရာဝန်များအား ဆေးဝါး ထိုးသွင်းမည့်ပုံစံ၊ ဖြန့်ဖြူးမှုပုံစံနှင့် ထိန်းသိမ်းမှုပုံစံများ လွဲမှားခြင်းမရှိစေရန်အတွက် ဆရာဝန်များအား သင်တန်းပေးနေပြီး ကာကွယ်ဆေးကို မြို့နယ်အဆင့်ဆေးရုံကြီးများတွင်သာ ထိုးပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန တိုင်းဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်ကပြောသည်။ ထို့ပြင် ကာကွယ်ဆေးထိုးပြီးနောက်ပိုင်း ဖြစ်လာမည့် နောက်ဆက်တွဲ ပြဿနာများ ကိုဖြေရှင်းရန်အတွက် ဆေးရုံများတွင် သမားတော်ကြီးများ၊ သူနာပြုများပါဝင်သည့် ဆေးဝါးကုသရေးအဖွဲ့များကို ဖွဲ့စည်းထားမည်ဖြစ်ကာ ယင်းသို့ဖြစ်ပေါ်လာပါကာ ကုသရမည့် နည်းလမ်းနှင့် ဆေးဝါးများကိုလည်း အဆင့်သင်ပြင်ဆင်ထားမည်ဖြစ်ကြောင်း သိရသည်။ ဆေးထိုးပြီးနောက် ဖြစ်လာမယ် နောက်ဆက်တွဲကိစ္စတွေအတွက် လုပ်ရမယ် ဆေးစာရင်းကို ရရှိပြီးဖြစ်ပါတယ်။ ဆေးဘူးလေးတွေပေါ့ သက်ဆိုင်ရာ တိုင်းဦးစီးမှူးတွေရဲ့ စီမံမှုနဲ့ ဆောင်ရွက်ထားဖို့ ကျွန်မတို့ကို ညွှန်ကြားထားပြီးဖြစ်ပါတယ်။ ဘာတွေပါမလဲဆိုတော့ ဒီလိုကိစ္စတွေဖြစ်လာရင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကို လမ်းညွှန်ထားပါတယ်"ဟု ဒေါက်တာသန်းသန်းမြင့်က ပြောသည်။ https://myanmar.mmtimes.com/news/150343.html Credit: