No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပြည်တွင်းခရီးတွေ ပြန်သွားဖို့ အဆင်သင့် ဖြစ်ပြီလား ပြည်တွင်းကိုဗစ်ကူးစက်မှုနှုန်း သိသိသာသာ ကျဆင်းလာတာနဲ့အတူ ပြည်တွင်းခရီးသွားလုပ်ငန်းတွေလည်းပြန်ဖွင့်ဖို့ ပြင်လာနေပါပြီ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း ကမ်းခြေတွေပြန်ဖွင့်နိုင်ဖို့ပြင်ဆင်နေတာကို ပြောကြားထားပါတယ်။ တခါပုဂံဒေသကိုလည်း အွန်လိုင်းကနေ စာရင်းတင်ပြီး သွားရောက်ဖူးမြော်နိုင်ဖို့ ပြင်ဆင်နေတာပါ။ ဒါ့အပြင် ပြည်တွင်းက ထင်ရှားတဲ့ခရီးသွားဒေသတွေ ကို ပြန်ဖွင့်နိုင်ဖို့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ်အလိုက် အစိုးရအဖွဲ့တွေနဲ့ ကိုဗစ်ကာကွယ်ထိန်းချုပ်ကုသရေး ဗဟိုကော်မတီတို့အကြားဆွေးနွေးတာတွေလုပ်နေပါပြီ။ ဘယ်အချက်တွေနဲ့ပြန်ဖွင့်ဖို့ပြင်ဆင်နေကြတာပါလဲ၊ဘယ်တော့များ ပြည်တွင်းခရီးတွေသွားလို့ရနိုင်မှာပါလဲ။ ဒီအပတ်ဘီဘီစီရဲ့သောကြာစကားဝိုင်း Friday Live မှာ ဆွေးနွေးသွားမှာပါ။ ဘီဘီစီမြန်မာပိုင်း #ဘီဘီစီမြန်မာပိုင်း #FridayLive #ပြည်တွင်းခရီး #ကိုဗစ် Credit: