No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မြန်မာမှာ ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ကုအထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း၊ လတ်တလောအခြေအနေတွေအပေါ် အလွန်စိုးရိမ်မကင်းဖြစ်ရကြောင်း ကုလထုတ်ပြန် မြန်မာနိုင်ငံမှာ လတ်တလောဖြစ်ပေါ်နေတဲ့အခြေအနေတွေအပေါ်မှာ အလွန်စိုးရိမ်မကင်းဖြစ်ရကြောင်း ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယိုဂူတာရက်စ်ရဲ့ ပြောခွင့်ရသူက ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။ ဇန်နဝါရီ ၂၈ ရက်နေ့စွဲနဲ့ထုတ်တဲ့အဲဒီကြေညာချက်ထဲမှာ မစ္စတာ အန်တိုနီယိုဂူတာရက်စ်က ပါဝင်ပတ်သက်နေတဲ့သူတွေအားလုံး လှုံ့ဆော်မှုတွေ၊ ဒေါသအမျက်ထွက်အောင် တိုက်တွန်းအားပေးခြင်းတွေကို မပြုလုပ်ကြဖို့၊ ခေါင်းဆောင်ပီသမှုကိုပြသဖို့၊ ဒီမိုကရေစီစံချိန် စံညွှန်းတွေကို လိုက်နာစောင့်ထိန်းဖို့နဲ့ နိုဝင်ဘာ ၈ ရက်အထွေထွေရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ တိုက်တွန်းထားပါတယ်။ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုတွေအားလုံးဟာလည်း တရားဝင်ဖြစ်တဲ့ တရားစီရင်ရေးယန္တရားတွေကနေ ဆုံးဖြတ်တာပဲ ဖြစ်သင့်တယ်လို့လည်း သူက ဆိုပါတယ်။ ဘီဘီစီမြန်မာပိုင်း Crd