
တရားမ၀င် ဖွင့်လှစ်ထားသည့် ဆေးခန်းတစ်ခုက ကိုဗစ်ကာကွယ်ဆေးအတု ထိုးပေးနေသဖြင့် ထိုဆေးခန်းကို အီကွေဒေါရဲတပ်ဖွဲ့က ၀င်ရောက်စီးနင်းပြီး ယင်းကို ပိတ်သိမ်းလိုက်ပြီဖြစ်သည်ဟု ဇန်နဝါရီလ ၂၈ ရက်သတင်းက ဆိုသည်။ ယင်းသည် အနှိပ်ခန်းဟုသာ တရား၀င်စာရင်းသွင်းထားသော်လည်း ကာကွယ်ဆေးပါ ထိုးပေးနေခြင်းဖြစ်သည်ဟု သိရသည်။ အီကွေဒေါတွင် ကိုဗစ် ၁၉ ကူးစက်ပျံ့နှံ့မှု ဆိုးဝါးနေသဖြင့် ယင်းကိုအခွင့်ကောင်းယူကာ အဆိုပါဆေးခန်းက ကာကွယ်ဆေးတစ်လုံးလျှင် ၁၅ ဒေါ်လာယူပြီး ကာကွယ်ဆေးအတု ထိုးပေးခြင်းဖြစ်သည်။ ယင်းသည် ကာကွယ်ဆေး အလုံးပေါင်း ၇၀ ၀၀၀ ရောင်းချအပြီးတွင်မှ လုပ်ငန်း ပိတ်သိမ်းခံလိုက်ရခြင်းဖြစ်သည်။ လူနာများကို မည်သည့်ဆေး ထိုးပေးလိုက်သည်ဆိုသည်ကို သိရရန် ဓာတ်ခွဲခန်းတွင် စစ်ဆေးရဦး မည်ဖြစ်သည်။ ကာကွယ်ဆေးကို သုံးကြိမ် ထိုးရမည်ဖြစ်ပြီး သုံးကြိမ်လုံး ထိုးအပြီးတွင်မှ ကိုဗစ်ကို အပြည့်အ၀ ကာကွယ်နိုင်မည်ဟု အဆိုပါဆေးခန်းက ပြောသည်။ ယင်းဆေးခန်းကို ဖွင့်ထားသူမှာ သဘာ၀ကုထုံးဆေးပညာ ကျွမ်းကျင်သူဖြစ်သော်လည်း ၄င်းသည် ဆေးပညာဘွဲ့ ရမထားပေ။ ( RT, 29.1.21) ချယ်ရီ Credit: