
ကျောင်းမြောင်းမှာ ဆက်တိုက်ပစ်ခတ်နေ၊ ၁၅ ဦးဖမ်းခံရ ~~~~~ ■ ရန်ကုန်တိုင်း၊ တာမွေမြို့နယ် ကျောက်မြောင်း ရပ်ကွက်ထဲမှာ ဒီနေ့ နေ့လည် ၁ နာရီလောက်ကစပြီး စစ်တပ်နဲ့ ရဲတွေက ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။ ကျောက်မြောင်း ရပ်ကွက်ထဲမှာ လူငယ်တွေ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဆက်ရှိနေသလို၊ စစ်တပ်နဲ့ ရဲတွေက ဒီနေ့ ဆက်တိုက်ပစ်ခတ်နေတယ်လို့ဆိုပါတယ်။ အသက် ၁၃ နှစ် မိန်းကလေးငယ်တစ်ဦး ပစ်ခတ်ခံခဲ့ရပြီး အသက်သေဆုံးသွားလား မသိရသေးပေမယ့် စစ်တပ်နဲ့ ရဲတွေက သူ့ကိုဖမ်းဆီးသွားတယ်လို့ နွေဦးတော်လှန်ရေး တွိတာစာမျက်နှာမှာရေးထားပါတယ်။ ဒီကနေ့ ကျောက်မြောင်းမှာ ဖမ်းဆီးခံရတဲ့သူ အနည်းဆုံး ၁၅ ဦး ရှိတယ်လို့ဆိုပါတယ်။ Credit: