
ယခုအချိန်မှာ ကိုဗစ် ကပ်ရောဂါကူးစက်မှုဟာ မြို့ကြီးတွေမှာ ကျဆင်းသွားပြီ ဆိုပေမယ့်လည်း နယ်မြို့တွေမှာ ကူးစက်မှုတွေ ဆက်လက် ရှိနေပါသေးတယ်။ ကိုဗစ် ကာကွယ်ဆေးတွေ စတင်ထိုးနှံပေးမှာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်း ရရှိဖို့ကတော့ ကြာမြင့်ဦးမှာ ဖြစ်ပါတယ်။ အဲဒါကြောင့် လက်ရှိအချိန်မှာ ပျော်ပွဲရွှင်ပွဲနဲ့ လူစုလူဝေးတွေ မပြုလုပ်ကြဘဲ လူချင်းခပ်ခွာခွာနေကြဖို့ လိုအပ်နေသေးတဲ့ အချိန် ကိုဗစ်ကာလ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ ရေးမြို့က ပွဲလုပ်နေတဲ့ ပုံတွေကို ကြည့်ရတာ လတ်တလော ပြုလုပ်ထားတဲ့ ပုံတွေ ဖြစ်တယ်လို့ သိရပါတယ်။ လူဦးရေ အများအပြားနဲ့ ပွဲကျင်းပနေပုံကတော့ ကိုဗစ်ကြီး ပြီးသွားပြီလို့တောင် ထင်ချင်စရာပါပဲ။ ပထမလှိုင်းပြီးကာစတုန်းကလည်း ဒီလိုတွေ အစုလိုက်အပြုံလိုက် ပျော်ပွဲရွှင်ပွဲတွေ ပြုလုပ်ခဲ့ကြလို့ ဒုတိယလှိုင်းနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ ကိုရင်လေး ဆရာတော်ကျောင်းမှာ ကျင်းပတဲ့ ပွဲလို့ သိရပါတယ်။ ပွဲရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ဘင်ခရာဝိုင်းများလည်း ပါဝင် အန်တီကြီးများရဲ့ ရေအိုးယိမ်း