
သတင်းထူး! အင်္ဂလန်တွင် ထိုင်းဗီဇ ကိုဗစ်ဗိုင်းရပ်စ်ပိုးတွေ့ရှိ . အီဂျစ်နိုင်ငံမှပြန်လာသည့်ထိုင်းပြည်သူများတွင်တွေ့ရှိရသော ထိုင်းနိုင်ငံတွင်ပထမဆုံး တွေ့ရှိခဲ့ရသည့်ကိုဗစ်ဗိုင်းရပ်စ်ဗီဇကို အင်္ဂလန်ပြည်သူ ၁ဝ၉ ဦးတွင် တွေ့ရှိခဲ့ရသည်ဟု အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာန (Public Health England - PHE) က ထုတ်ပြန်ထား သည်။ . အဆိုပါဗီဇကို VUI-21MAY-02 သို့မဟုတ် C.36.3 ဟု အမည်ပေးထားပြီး VUI သည် ဆေးပညာဝေါဟာရ Variant Under Investigation မှဆင်းသက်လာခဲ့ခြင်းဖြစ်ကာ စစ်ဆေးအဖြေရှာနေစဲဗီဇဟု အဓိပ္ပာယ်ရသည်။ . လက်ရှိတွင် ထိုင်းဗီဇ ကိုဗစ်ပိုးသည် ရောဂါလက္ခဏာပိုမိုဆိုးရွားစေခြင်း၊ ကာကွယ်ဆေး ထိရောက်မှုကျဆင်းစေခြင်း စသည့်စိုးရိမ်စရာအချက်များကိုမတွေ့ရှိရသေးကြောင်း၊ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနက ဓာတ်ခွဲခန်းထဲတွင်စစ်ဆေးအဖြေရှာနေစဲဖြစ် ကြောင်း သိရသည်။ . Ref: Thairat News . #Myanmarworkinthailand #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Postbykyawkyawoo Credit: