No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လျှပ်စစ်မီတာခတွေ မပေးဆောင်ဖို့ CRPH ကြေညာ ~~~~~ ■ အိမ်သုံးလျှပ်စစ်ဓာတ်အားခ ကျသင့်ငွေတွေ မပေးဆောင်ကြဖို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH က အမိန့် ကြေညာချက် တစ်ရပ်ထုတ်ပြန် လိုက်ပါတယ်။ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေစပြီး သုံးစွဲထားတဲ့ လျှပ်စစ်ဓာတ်အားခငွေတွေကို ကင်းလွတ်ခွင့်ပေးလိုက်တာမို့ လုံးဝပေးဆောင်ဖို့ မလိုကြောင်း၊ အိမ်သုံးမဟုတ်တဲ့ လုပ်ငန်းသုံး လျှပ်စစ်ဓာတ်အားခငွေတွေကိုလည်း မပေးဆောင်ပဲ ဆိုင်းငံ့ထားကြဖို့ CRPH က ပြောပါတယ်။ CRPH က ခန့်အပ်ထားတဲ့ ဒုတိယသမ္မတ ဦးမန်းဝင်းခိုင်သန်း ဦးဆောင်ကျင်းပတဲ့ အစည်းအဝေးကနေ ဒီအမိန့် ကြေညာချက်ထုတ်ပြန်တာဖြစ်ပြီး နောက်ထပ် အမိန့် တစုံတရာ မထွက်မချင်း ဒီအမိန့်ဟာ အတည်ဖြစ်တယ်လို့ ကြေညာပါတယ်။ အာဏာသိမ်း စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အဖြစ် CRPH က ကြေညာထားပါတယ်။ အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်တဲ့ ဘယ်အမိန့်ကိုမှ မလိုက်နာဖို့လည်း ပြည်သူတွေကို အသိပေး တိုက်တွန်းထားတာပါ။ Credit: