No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လားရှိုးမြို့မှာ ကျန်းမာရေးဝန်ထမ်းတွေ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုး ~~~~ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အပါအဝင် မြို့နယ်အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို ဇန်နဝါရီလ ၂၈ ရက်နေ့ ဒီနေ့ စတင်ထိုး ပေးနေပါတယ်။ လားရှိုးမြို့မှာ ပြည်နယ်ပြည်သူ့ကျန်းမာရေးရုံးနဲ့ လားရှိုးဆေးရုံကြီးတွေမှာ ဆေးထိုး ပေးနေတာပါ။ ၀ ဒေသပန်ဆန်းမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းသုံးဆယ်ခန့် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက ကျန်းမာရေးဝန်ထမ်း လေးထောင်နီးပါးကို ကာကွယ်ဆေး ထိုးနှံပေးတာဖြစ်တယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့်ကပြောပါတယ်။ ကာကွယ်ဆေးတွေဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းကမှ လားရှိုးမြို့ကို ရောက်တဲ့အတွက် ကျန်တဲ့မြို့နယ်တွေကို လားရှိုးမြို့ကနေတဆင့် ပြန်လည် ခွဲပေးရတာဖြစ်လို့ လမ်းပန်းဆက် သွယ် ရေးခက်တဲ့မြို့တွေကို ကာကွယ်ဆေး ရောက်ဖို့ အနည်းငယ်နောက်ကျနိုင်တယ်လို့ သူကပြောပါတယ်။ -Unicode ----------- လားရှိုးမြို့မှာ ကျန်းမာရေးဝန်ထမ်းတွေ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုး ~~~~ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အပါအဝင် မြို့နယ်အတော်များများမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို ဇန်နဝါရီလ ၂၈ ရက်နေ့ ဒီနေ့ စတင်ထိုး ပေးနေပါတယ်။ လားရှိုးမြို့မှာ ပြည်နယ်ပြည်သူ့ကျန်းမာရေးရုံးနဲ့ လားရှိုးဆေးရုံကြီးတွေမှာ ဆေးထိုး ပေးနေတာပါ။ ၀ ဒေသပန်ဆန်းမှာရှိတဲ့ ကျန်းမာရေး ဝန်ထမ်းသုံးဆယ်ခန့် အပါအဝင် ရှမ်းပြည်မြောက်ပိုင်းက ကျန်းမာရေးဝန်ထမ်း လေးထောင်နီးပါးကို ကာကွယ်ဆေး ထိုးနှံပေးတာဖြစ်တယ်လို့ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနမှူး ဒေါက်တာတင်မောင်ညွှန့်ကပြောပါတယ်။ ကာကွယ်ဆေးတွေဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ ညနေပိုင်းကမှ လားရှိုးမြို့ကို ရောက်တဲ့အတွက် ကျန်တဲ့မြို့နယ်တွေကို လားရှိုးမြို့ကနေတဆင့် ပြန်လည် ခွဲပေးရတာဖြစ်လို့ လမ်းပန်းဆက် သွယ် ရေးခက်တဲ့မြို့တွေကို ကာကွယ်ဆေး ရောက်ဖို့ အနည်းငယ်နောက်ကျနိုင်တယ်လို့ သူကပြောပါတယ်။ -Zawgyi ------- Photo- Kan Thar/RFA ((ပုံစာ- လားရှိုးမြို့ပြည်နယ် ပြည်သူ့ကျန်းမာရေးရုံးနဲ့ လားရှိုးဆေးရုံကြီးမှာ ဇန်နဝါရီလ ၂၈ရက်နေ့မနက်က ကိုဗစ်ကာကွယ်ဆေးထိုးပေးနေတာကို မြင်တွေ့ရစဉ်))