
NLD ပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုး အဖမ်းခံလိုက်ရ ~~~~~~ ■ NLD ဗဟိုပြန်ကြားရေး အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဦးကြည်တိုးနဲ့ NLDပါတီက လူငယ် တစ်ဦးတို့ မတ်လ ၁၈ ရက်နေ့ မနေ့ညပိုင်းက ရန်ကုန်မြို့မှာ ဖမ်းဆီးခံလိုက်ရကြောင်း NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ NLD ပါတီ အမတ်ဟောင်းဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ကလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးကြည်တိုးနဲ့ အဖွဲ့ချုပ်လူငယ်တစ်ဦး၊ အာဏာသိမ်း စစ်ကောင်စီမှ အဓမ္မဖမ်းဆီးထိန်းသိမ်းခြင်းခံရကြောင်း သတင်းရရှိပါသည်လို့ ရေးသားထားတာကို တွေ့ရပါတယ်။ ဦးကြည်တိုးဟာ လက်ရှိဖမ်းဆီးခံထားရတဲ့ NLD ပါတီ ခေါင်းဆောင်ပိုင်းတွေရဲ့ ကျန်းမာရေး အခြေအနေတွေနဲ့ သူတို့နဲ့ဆိုင်တဲ့ သတင်းစကားတွေကို သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပြည်သူတွေဆီကို ဖြန့်ဝေပေးနေတာလည်း ဖြစ်ပါတယ်။ ဦးကြည်တိုး အသုံးပြုတဲ့ Kyi Toe နာမည်နဲ့ ဖေ့စ်ဘွခ်တ် လူမှုကွန်ယက်စာမျက်နှာကိုလည်း လက်ရှိမှာ ဝင်ရောက်ကြည့်ရှုလို့ မရတော့ပါဘူး။ Credit: