
အရှေ့အလယ်ပိုင်းနဲ့ ဥရောပနိုင်ငံကို လယ်ယာထွက်ကုန်ပို့ဖို့ မြန်မာစျေးကွက်ချဲ့နေ ဇန်နဝါရီ - ၁၅ ၊၂၀၂၁ ဒီနှစ်ထဲမှာ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ ဥရောပနိုင်ငံတွေကို လယ်ယာထွက်ကုန် တင်ဖို့ ပို့ စျေးကွက် တိုးချဲ့ သွားမယ်လို့ စီးပွားကူးသန်းဝန်ြီး ဌာနဆီကသိရပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးမှာ အရှေ့အလယ်ပိုင်းနိုင်ငံတွေနဲ့ အင်္ဂလန်း ၊ ဂျာမဏီတို့မှာ စျေးကွက်အသစ်တွေ ရ ခဲ့တာဖြစ်ပြီး ဒီနှစ်မှာတော့ အလားအလာကောင်းတွေရှိတယ်လို့ ကုန်သွယ်ရေးဦးစီးဌာနရဲ့ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် ဦးမျိုးသူကပြောပါတယ်။ စီးပွားကူးသန်းဝန်ကြီးဌာနအနေနဲ့ ပြည်ပ ပို့ကုန် တွေထဲ လယ်ယာထွက်ကုန်ကို ဦးစားပေးအနေနဲ့ ဒီနှစ်ထဲ တင်ပို့နိုင်ဖို့ မျှော်လင့်ထားတာပါ။ လက်ရှိ မှာ ကပ်ရောဂါဖြစ်ပွားနေပေမယ့် ၂၀၂၀ -၂၀၂၁ ဘဏ္ဍာနှစ်ထဲမှာ မြန်မာနိုင်ငံရဲ့ ပို့ကုန်တန်ဖိုး ဟာအမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကျော်ရမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနကခန့်မှန်းထားပါတယ်။ သတင်း-မိုးညို