
အမေရိကန်-တရုတ် ဆွေးနွေးပွဲ အခြေအနေတင်းမာ DVB အမေရိကန်နဲ့ တရုတ် နှစ်နိုင်ငံ ဝန်ကြီးအဆင့် ဆွေးနွေးပွဲကို အမေရိကန်ပြည်ထောင်စု အလာစကား (ASASKA) ပြည်နယ်မှာ မတ်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့ကြပြီး ဆွေးနွေးပွဲ အစမှာပင် တင်းမာမှုတွေနဲ့ စတင်ခဲ့တယ်လို့သိရပါတယ်။ ဒီဆွေးနွေးပွဲကို အမေရိကန်ဘက်က နိုင်ငံခြားရေးဝန်ကြီး အန်တိုနီယိုဘလင်ကန်နဲ့ အမျိုသားလုံခြုံရေးအကြံပေး ဂျကီဆူလီဗန်တို့တက်ရောက်ကြပြီး၊ တရုတ်ဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး ဝန်ယိနဲ့ နိုင်ငံခြားရေးဗဟိုကော်မရှင် ညွှန်ကြားရေးမှူး ယန်ကျဲချီ တို့တက်ရောက်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲ ပထမနေ့ အဖွင့်မိန့်ခွန်း ပြောကြတဲ့အချိန်မှာကိုပဲ နှစ်နိုင်ငံ စလုံး သူ့ဘက်ကိုယ့်ဘက် ရပ်တည်ချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ပြီး ဆွေးနွေးခဲ့ကြသလို ဆွေးနွေးရင်း တင်းမာလာတဲ့ အနေအထားမျိုးထိ ရှိလာခဲ့ပါတယ်။ အမေရိကန်ဘက်က ဒီမိုကရက်တစ်စံနှုန်းတွေနဲ့ လူ့အခွင့်အရေးစံနှုန်းတွေအကြောင်း၊ ဒီနေ့ ကမ္ဘာကြီးရဲ့ သွားနေတဲ့ ( World Order ) အကြောင်းတွေကို ဦးတည်ပြီး ပြောကြားခဲ့သလို တရုတ်ဘက်က ဒီနေ့ ကမ္ဘာ အစီအစဉ်မှာ လိုက်နိုင်ဖို့ ပြောင်းလဲဖို့ လိုတဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ အမေရိကန်ဟာ တစ်ကမ္ဘာလုံးကို ကိုယ်စားမပြုတဲ့အကြောင်း၊ အမေရိကန်က တရုတ်အပေါ် စွပ်စွဲ ပြောဆိုတာတွ၊ ဒဏ်ခတ် အရေးယူတာတွေ လုပ်နေတာ မလုပ်သင့်တဲ့အကြောင်း၊ တရုတ်က သတင်းအချက်အလက်တွေ ခိုးယူတယ်လို့ အမေရိကန်က စွပ်စွဲတာတွေလည်း မဟုတ်မမှန်တဲ့ စွပ်စွဲချက်တွေသာဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ တရုတ် နိုင်ငံခြားရေးဗဟိုကော်မရှင် ညွှန်ကြားရေးမှူး ယန်ကျဲချီက အမေရိကန်ဟာ ဒီမိုကရေစီနိုင်ငံဖြစ်သလို တရုတ်မှာလည်း တရုတ်စတိုင်ဒီမိုကရေစီရှိပြီးသားဖြစ်တဲ့ အကြောင်း၊ သူတို့အနေနဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်လုပ်ဆောင်နေတဲ့အကြောင်း၊ အမေရိကန်ကသာ လူ့အခွင့်ရေးချိုးဖောက်မှုတွေ ရှိနေတဲ့အကြောင်း၊ တချို့ကိစ္စတွေဟာ တရုတ်ရဲ့ပြည်တွင်းရေးသာဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါတယ်။ #DVB #News #China-US http://burmese.dvb.no/archives/452355 Credit: