No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လူကိုလမ်းပေါ် လေးဘက်ထောက်သွားစေတာမျိုး စစ်ကောင်စီတပ်ဖွဲ့ ပြုမူ ဆန္ဒပြ ပြည်သူတွေကို လမ်းပေါ်တင် ပစ်သတ်တဲ့ ကြမ်းကြုတ် ရက်စက်မှုတွေကိုလည်း နိုင်ငံတကာရဲ့ ၀ေဖန်သံတွေကြားမှာပဲ အာဏာသိမ်း စစ်ကောင်စီက ဆက်ပြီး ကျုးလွန်နေဆဲ ဖြစ်ပါတယ်။ ရန်ကုန်မှာလည်း မြို့အနှံ့ စစ်ကောင်စီရဲ့ ပစ်ခတ်မှု၊ မီးရှို့မှု၊ အနိုင်ကျင့် ရက်စက် ရမ်းကားမှုတွေဆက်လက် မြင်တွေ့ နေခဲ့ရပါတယ်။ ရပ်ကွက်တွေ လမ်းတွေထဲထိ ၀င်ပြီး၊ ကြုံရာကို ပစ်ခတ်၊ အော်ဟစ်ဆဲဆို ကြိမ်းမောင်း၊ တွေ့ရာလူကို ရိုက်နှက် ဖမ်းဆီးပြီး လမ်းပိတ်ထားတဲ့ သဲအိတ်တွေလို အတားအဆီး အကာအရံတွေကို အဓမ္မ ဖယ်ရှားခိုင်းတာမျိုးတွေ ဆက်ရှိ နေပါတယ်။ ပတ်၀န်းကျင်မှာ ရှိနေခဲ့ပြီး ကိုယ်တွေ့ မျက်မြင် ကြုံခဲ့ရသူတစ်ဦး လျှို့၀ှက် ရိုက်ကူးထားတဲ့ ဗီဒီယို တစ်ခုထဲမှာ ဆိုရင် စစ်ကောင်စီရဲ့ အာဏာပါးကွက်သားဟာ ပြည်သူတစ်ယောက်ကို လမ်းပေါ် လေးဘက်ထောက် သွားခိုင်းတာမျိုးလို လူ့ဂုဏ်သိက္ခာ ညှိုးနွမ်းအောင် ပြုမူ ဆက်ဆံခဲ့ပါတယ်။ ဗီဒီယို ရိုက်ကူးခဲ့သူက “ဒီလို စော်ကားဗိုလ်ကျတာမျိုး၊ တစ်သက်နဲ့တစ်ကိုယ် ပထမဆုံး တွေ့ဖူးတာပဲ၊ အရမ်းဒေါသထွက်ပြီး ဘာလုပ်လို့ဘာကိုင်ရမှန်း မသိ ဖြစ်ရတယ်လို့ နောက်ပိုင်း ပြန်ပြောပြပါတယ်။ နောက်ဗီဒီယို တစ်ခုထဲမှာဆိုရင်လည်း စစ်အာဏာရှင် ဆန့်ကျင်ရေး ပြည်သူ့ကြွေးကြော်သံ ထွက်လာတဲ့အတွက်၊ စစ်ကောင်စီတပ်ဖွဲ့က နည်းနည်းမှ သည်းမခံတဲ့ဟန်နဲ့ သေနတ်နဲ့ အချက်များစွာ ပစ်ဖောက် ခြိမ်းခြောက်ရုံတင်မက ရပ်ကွက်ကို ပြာချပစ်မယ် ဆိုပြီး အသံချဲ့စက်နဲ့ပါ အော်ဟစ်နေတာ တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ အဲံဒီလို လူသားမဆန် ရက်စက်ကြမ်းကြုတ်မှုတွေ အပေါ် ရန်ကုန် အခြေစိုက် နိုင်ငံတကာ သံတမန်တွေက စုပေါင်းပြီး ကန့်ကွက်စာ ထုတ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ သူရဲဘောကြောင်တယ်၊ လူ့ကျင့်၀တ်နဲ့ မညီဘူးလို့ ရှုတ်ချကြပါတယ်။ အင်တာနက် ဖြတ်တာတို့၊ မီဒီယာကို နှိပ်ကွပ်တာတွေ လုပ်ပြီးတော့လည်း စစ်တပ်ရဲ့ စပ်ဆုပ်ဖွယ်လုပ်ရပ်တွေကို ဖုံးထားနိုင်မှာ မဟုတ်ဘူးလို့လည်း သံတမန်တွေက ပြောပါတယ်။ #ဘီဘီစီမြန်မာပိုင်း ဒီသတင်းအပါအ၀င် စစ်အာဏာသိမ်း နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်း လိုက်ဖ် စာမျက်နှာမှာ တိုက်ရိုက်တင်ဆက် ပေးနေပါတယ်။ https://www.bbc.com/burmese/live/burma-56331237 Credit: