No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီးထားသော စစ်ကိုင်းတိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ပြန်လွှတ်ပေးရေး ဒေသ ခံ ပြည်သူများ တောင်းဆို" မုံရွာ - မုံရွာအကျဉ်းထောင်တွင် ဖမ်းဆီးထားသော စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များ ပြန် လွှတ်ပေးရန် သိန်းနှင့်ချီသောဆန္ဒပြသူများက ယနေ့နံနက်ပိုင်းတွင် တောင်းဆိုခဲ့သည်။ အာဏာသိမ်းစစ်ကောင်စီမှ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်နှင့် ဥပဒေချုပ် ဦးခင်မောင်လှအား ပုဒ်မ -၅၀၅(ခ)ဖြင့် တရားစွဲဆိုကာ မုံရွာအကျဉ်းထောင်သို့ ဖေဖော်ဝါရီလ၁၉ရက် ညနေပိုင်းက ပို့ဆောင်ခဲ့ခြင်းကြောင့် မုံရွာလူထု က ယနေ့နံနက်တွင် အကျဉ်းထောင်ရှေ့သို့ သွားရောက်ပြီး 'ဒေါက်တာမြင့်နိုင်နှင့် ဖမ်းဆီးရခံသူ အားလုံး ပြန်လွှတ်ပေးရေး၊ ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ ကျန်းမာပါစေ၊ စစ်အာဏာရှင် ကျဆုံးပါစေ၊ ဒီမိုကရေစီအရေးတော်ပုံ အောင်ရမ ည်'စသည့် ကြွေးကြော်သံများဖြင့် တောင်းဆိုခဲ့သည်။ ကျန်သည့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များအား အနောက်မြောက်တိုင်း စစ်ဌာနချုပ်တွင် ဆက် လက် ထိန်းသိမ်းထားဆဲဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု ကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောသည်။ ဓါတ်ပုံ - သလ္လာ​သောင်း Credit: