
NLD အစိုးရလက်ထက်တွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားလာသူ ၄၀၀ ကျော်ရှိဟုဆို ==================================================== လက်ရှိ NLD အစိုးရလက်ထက် တွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်လျှောက်ထားလာသူ ၄၀၀ ကျော်ရှိပြီး ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁,၄၂၆,၁၀၀)ကို နိုင်ငံတော်အတွက် ရှာဖွေပေးနိုင်ခဲ့ကြောင်း ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက နေပြည်တော်တွင်ပြုလုပ်သည့် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးတွင်းပြောကြားခဲ့သည်။ မိမိတို့အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက် အထိလျှောက်ထားသူ (၄၃၄)ဦး၊ ၂၀၁၅ခုနှစ်မှ လျှောက်ထားသူ အပါအဝင် ခွင့်ပြုသူ (၄၄၄)ဦး၊ ငြင်းပယ်ခဲ့သူ(၄)ဦး၊ စိစစ်ဆဲ(၁)ဦးရှိ ပါတယ်။အကြောင်းအမျိုးမျိုးကြောင့် လူတွေ့လာရောက် စစ်ဆေးခံရန် (၁၀) ဦးကျန်ရှိပါတယ်။ အခုဆိုရင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ဆောင်ရွက်မှုမှရရှိတဲ့ နိုင်ငံခြားရငွေမှာ ကနဦး လျှောက်ထားခြင်းမှ အမေရိ ကန်ဒေါ်လာ (၁၅၀,၀၀၀)၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် စနစ် လက်မှတ်နှင့် ကတ်ပြားထုတ်ပေးခြင်းမှ အမေရိ ကန်ဒေါ်လာ (၂၃၇,၅၀၀)၊ နှစ်စဉ် သက်တမ်း ပြန်လည်အတည်ပြုခြင်းမှ အမေရိကန်ဒေါ်လာ (၁,၀၃၈,၆၀၀) ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁,၄၂၆,၁၀၀)ကို နိုင်ငံတော်အတွက် တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင် ခဲ့ပါတယ် ဟု ဒုသမ္မတက ဆိုသည်။ ယခုအခါ အကောင်အထည်ဖော်ရေးဗဟိုကော်မတီက စိစစ်ခွင့်ပြုပြီးသူ စုစုပေါင်း (၆၁၇)ဦးရှိပါကြောင်း၊ ဗဟို ကော်မတီက စိစစ်ထားသည့်မိသားစုအပါအဝင် ဦးရေ (၇၀)ကို ကိုဗစ်-၁၉ရောဂါ ကင်းစင်ချိန်တွင် လူတွေ့ စစ်ဆေးခံယူရန် ခေါ်ယူပြီး စိစစ်ဆောင်ရွက် ပြီးစီးမှုကို လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုး ရေးကော်မတီသို့ တင်ပြကာ ခွင့်ပြုချက် ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆက်လက် တင်ပြ သွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရရှိပါက လျှောက်ထားသူများအား နိုင်ငံခြား သားအမြဲ နေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများကို ဆက်လက်ထုတ်ပေးသွားရန် စီစဉ်ထားကြောင်း လည်း သိရသည်။ မြန်မာနိုင်ငံတွင် ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နှစ်နိုင်ငံသားစနစ်ကို ခွင့်ပြုထားခြင်း မရှိသော်လည်း အစိုးရလက်ထက်ဖြစ်သော ၂၀၁၄ ခုနှစ်ကစ၍ နိုင်ငံတွင် နိုင်ငံခြားသား အမြဲနေ ထိုင်ခွင့်စနစ်ကို စတင်အ ကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီး မြှုပ်နှံလိုသူများနှင့် ကျွမ်းကျင်ပညာရှင်များ၊ ကျွမ်းကျင်ပညာ ရှင်မဟုတ် သော် လည်း အမျိုးသားရင်ကြားစေ့ရေးလုပ်ငန်းစဉ်ပါ နိုင်ငံ၏အကျိုးကိုဖော်ဆောင်လိုသည့် မြန်မာ နိုင်ငံသားဟောင်း များနှင့်ဆက်စပ် နိုင်ငံခြားသားများ၊ ၎င်းတို့၏မှီခိုသူမိသားစုဝင်များ၊ တစ်ဖက်နိုင်ငံ၏ နိုင်ငံ သားအဖြစ် ခံယူထား ခြင်းကို စွန့်လွှတ်စရာမလိုဘဲ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် အ ရှိန်အဟုန် ဖြင့် ပါဝင် ဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေး အတွက် ရည်ရွယ် ခြင်းဖြစ်ကြောင်းလည်း သိရသည်။ Crd