No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

တေးသံရှင် မွန်းအောင်နဲ့အဖွဲ့မန္တလေးမှာ ဆန္ဒပြပြည်သူတွေအတွက် စိတ်ခွန်အားဖြည့်သီချင်းတွေ လှည့်လည်သီဆိုပေးနေ -------------- ဒီကနေ့မနက်ပိုင်းမှာ မန္တလေးမြို့က ဆန္ဒပြပြည်သူတွေ စိတ်ဓာတ်ခွန်အားဖြစ်စေဖို့အတွက် ၈၈အရေးတော်ပုံမှာ ဒီမိုကရေစီတေးသီချင်းပေါင်းများစွာကို သီဆိုခဲ့သူ နိုင်ငံကျော်တေးသံရှင်မွန်းအောင်နဲ့အဖွဲ့က ခွန်အားဖြည့်တေးသီချင်းတွေမြို့အနှံ့လှည့်လည်သီဆိုပေးနေတယ်လို့သိရပါတယ်။ "ခွန်အားဖြည့်မိငယ်" "အရေးကြီးပြီသွေးနီးစို့" "ခွပ်ဒေါင်းတမန်" အစရှိတဲ့တေးသီချင်းတွေကို လမ်းတွေပေါ်မှာ လိုက်လံသီဆိုပြီး ဆန္ဒပြပြည်သူတွေနဲ့အတူပူးပေါင်းပါဝင်ခဲ့တာပါ။ ဓာတ်ပုံ- မင်းနန္ဒ (မန္တလေး) Credit: