No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ယနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁ ကို ရန်ကုန်မြို့မှာ စတင်ပါပြီ။ အာဏာသိမ်းထားသော တပ်မတော်အစိုးရကို အလိုမရှိကြောင်း ရန်ကုန် ရှိတကသ ကျောင်းသားဟောင်းများ အင်အားစုနဲ့ ကျောင်းသားသမဂ္ဂအချို့ပူးပေါင်းပီးရန်ကုန်မြို့ တောင်ဥက္ကလာပ မြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ် နှင့် မြောက်ဒဂုံမြို့နယ်များ၌ ယနေ့ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက်ပိုင်းတွင်ပြုလုပ်ခဲ့ကြသည်။ စစ်တပ်မှနိုင်ငံတော်အာဏာသိမ်းခြင်းဟာ လူငယ်တွေရဲ့ အနာဂတ်တွေကို ရိုက်ချိုးပစ်လိုက်တာပါ။ အာဏာသိမ်းစစ်တပ်ဟာ လက်နက်သာလျှင် ဥပဒေ လက်နက်သာလျှင် တရားစီရင်ရေး လုပ်နေတာတွေ ကို ပြတ်ပြတ်သားသားဆန့်ကျင်ကြပါ။ လက်သန်းတွေနဲ့ရွေးချယ်ထားတဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ပါ။ ဒေါသထွက်လို့ကျတဲ့မျက်ရည်တွေသိမ်းထားပါ မကျေနပ်ချက်များစွာအတွက် ဆုပ်ထားတဲ့ လက်သီးတွေနဲ့ အာဏာရှင်ကို ပြတ်ပြတ်သားသားတော်လှန်ပါ။ “စစ်အာဏာရှင်စနစ်... ကျဆုံးပါစေ ကျဆုံးပါစေ” “ ဒီမိုကရေစီရရှိရေး... ဒို့အရေး..ဒို့အရေး” “ ဖမ်းဆီးခံ နိုင်ငံရေးခေါင်းဆောင်များ .. ချက်ချင်းလွှတ် ချက်ချင်းလွှတ်” စသည့် ကြွေးကြော်သံများကို ကြွေးကြော်ကာ စစ်အစိုးရဆန့်ကျင်ရေးနှင့် အာဏာဖိီဆန်မှုလှုပ်ရှားရေး ( Civil Disobedience movement) ဆောင်ရွက်မှုများဆက်လက်လုပ်ဆောင်ရန် စာရွက်ဝေခြင်း၊ လူထုလှုပ်ရှားမှုများတွင် ပြည်သူများပါဝင်ပေးရန်လှုံ့ဆော်ခဲ့သည်။ Credit: