No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ထိုင်းကနေ ပြည်တော်ပြန်လာသူတွေဆီက ထပ်ဆင့် ကူးစက်မှု မရှိသလောက် ကျဆင်းလာ ဇန်နဝါရီ - ၂၀ ၊၂၀၂၁ ထိုင်းကနေ ပြည်တော်ပြန်လာတဲ့သူတွေရှိနေဆဲဖြစ်ပေမယ့် ရောဂါကူးစက်ခံမရသူကိုတွေ့ရှိရတာ ကျဆင်းသွား ပြီလို့ ကရင်ပြည်နယ် ၊ မြဝတီခရိုင် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းကပြောပါတယ်။ ဒီလို နယ်စပ်ကနေ ပြည်တော်ပြန်လာတဲ့သူတွေကို Quarantine ထားနိုင်တာကြောင့် ထပ်ဆင့်ကူးစက်တာလည်းမရှိသလောက်နည်းသွားတယ်လို့ ဆိုပါတယ်။ ဒါအပြင် တရားဝင်လမ်းကြောင်းကနေ မဟုတ်ဘဲ ထိုင်းဘက်ကနေ ပြန်လည်ခိုးဝင်းလာတဲ့သူတွေကို လိုက်လံရှာဖွေကာ Quarantine စင်တာပို့ပြီး ကိုဗစ်စစ်ဆေးတာတွေ လည်း လုပ်နေတယ်လို့ ဒေါက်တာနန္ဒဝင်းက ပြောပါတယ်။ မြဝတီမှာ ခုရက်ပိုင်းအတွင်း ထိုင်းကနေ ပြည်တော်ပြန်လာတဲ့သူ ဦးရေ ဟာ နည်းလာပေမယ့် တရားမဝင် ဝင်ထွက်ပေါက်တွေကနေ ပြန်လာတဲ့သူတွေကို သတိထားစောင့်ကြည့်နေရတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောပါတယ်။ ဒါအပြင် လက်ရှိ ထိုင်းမှာ ယူကေ ကကူးစက်မြန် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ရောက်ရှိနေတာကြောင့် ပြည်တွင်းကိုရောက်မလာဖို ထိုင်း - မြန်မာ နယ်စပ်ပေါက်တွေမှာ အထူးကြပ်မတ်နေတယ်လို့သိရပါတယ်။ လက်ရှိမှာ ထိုင်းနိုင်ငံဘက်ကလည်းမြန်မာနိုင်ငံက နေခိုးဝင်လုပ်သားတွေရှိနေလို့ လုံခြုံရေးတိုးမြှင့်မှုတွေ လုပ်ဆောင်နေပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ဒုတိယလှိုင်းစတင်ဖြစ်ပွားချိန်ကစလို့ ဒီဇင်ဘာလကုန်အထိစာရင်းတွေအရ မြဝတီခရိုင်မှာ ကိုဗစ်ကူးစက်ခံရသူ ၆၈၁ယောက်ရှိခဲ့ပြီး သေဆုံးသူ ၂ ဦးထိရှိထားပါတယ်။ ကိုဗစ်ကာလအတွင်း ထိုင်းကိုရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ မြဝတီ ကနေ ပြည်တွင်းကိုပြန်လည်ဝင်ရောက်နေကြတာပဲဖြစ်ပါတယ်။ သတင်း-မိုးညို ကင်မရာ-စောအောင်မင်းဦး Credit