No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ပြစ်ဒဏ်များကျခံပြီး ထိန်းသိမ်းရေးစခန်း၌ စောင့်ဆိုင်းနေသူ (၂၃)ဦး အပါအဝင် မြန်မာ ၁၅၀ ကျော် မလေးရှားနိုင်ငံ မှ ပြည်တော်ပြန် ======================================= ပြစ်ဒဏ်များကျခံပြီး ထိန်းသိမ်းရေးစခန်း၌ စောင့်ဆိုင်းနေသူ (၂၃)ဦး အပါအဝင် မြန်မာ ၁၅၀ ကျော် မလေးရှားနိုင်ငံ မှ မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်ဖြင့် ယနေ့ (ဇန်နဝါရီလ ၂၀ ရက်) တွင် ပြန်ကြကြောင်း မြန်မာလူမှုကူညီရေး အသင်း (မလေးရှား) ၏ ဥက္ကဌ ဦးစန်းဝင်းက ပြည်မြန်မာ ကို ပြောသည်။ ပြန်လာရာတွင် ပြစ်ဒဏ်များကျခံပြီး ထိန်းသိမ်းရေးစခန်း၌ စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား(၂၃)ဦး နှင့် မလေးရှားနိုင်ငံ၌ စောင့်ဆိုင်းနေသည့် မြန်မာနိုင်ငံသား သင်္ဘောသား (၃၀) ဦး အပါအဝင် မြန်မာနိုင်ငံသား ၁၅၃ ဦး ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ယနေ့ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားတစ်ဦးသည် မလေးရှားနိုင်ငံသို့ အလည်အပတ်(Visit) ဗီဇာအတုဖြင့် ဝင်ရောက်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးက ဖမ်းဆီးထိန်းသိမ်းခဲ့ကာ ကယ်ဆယ်ရေးလေယာဉ်ဖြင့် လိုက်ပါမည့် မြန်မာနိုင်ငံသားများအနေဖြင့် ပြည်ဝင်ခွင့်ဗီဇာများ၊ အလုပ် လုပ်ကိုင်ခွင့်ပါမစ်များ၊ Check out memo၊ Special Passများကို ကြိုတင် စစ်ဆေးရန် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အသိပေးထားသည်။ မြန်မာသံရုံး မှ ဒုတိယ သံအမတ်ကြီး ဦးသန်းထွေး နှင့် သံရုံးအဖွဲ့ဝင်များမှ နေရပ်ပြန် အထောက်မဲ့လူနာများ ထိန်းသိမ်းရေးစခန်းမှ ပြန်ခွင့်ရသည့် မြန်မာနိူင်ငံသားများကို အာပေးစကားပြောကြားကာ မလေးရှား လူဝင်မှု ကြီးကြပ်ရေးဌာန နှင့် ပူးပေါင်းကာ လေယာဉ်ပေါ်သို့ပို့ဆောင်ပေးခဲ့ပြီး ထိန်းသိမ်းရေးစခန်းမှ ပြန်ခွင့်ရသူများ အတွက် တရားလွှတ်တော်ရှေ့နေ ဦးကိုနီ ကွယ်လွန်ခြင်း(၄)-နှစ်ပြည့် အနေဖြင့် မိသားစုများက အစားအသောက် လှူဒါန်းခြင်း အပါအဝင် အသုံးအဆောင် အနွေးထည်ဂျာကင် အဝတ်အထည် ပုဆိုး လုံခြည် ဖိနပ် နှင့် နှာခေါင်းစည်းကိုလှုဒါန်းပေးခဲ့ကြကြောင်း သိရသည်။ ထို့အပြင် လာမည့် ရက်ပိုင်းများ အတွင်းတွင် နှစ်နိုင်ငံ တာဝန်ရှိသူများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကယ်ဆယ်ရေး လေယာဉ် ပြေးဆွဲခြင်းကို အကြိမ်ရေး တိုးမြှင့်သွားရန် အစီစဉ် ရှိနေကြောင်းလည်း သိရသည်။ HAP ဓာတ်ပုံ - ဦးစန်းဝင်း Credit