No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

စက်သုံးဆီစျေးတွေတက်နေ၊ သိုလှောင်ဆီများပြားတဲ့အတွက် ပြတ်လတ်မှာ လတ်တလောစိုးရိမ်ဖွယ်မရှိ ________________________ ကိုဗစ်ကာလတစ်လျှောက်လုံး ပြည်တွင်းမှာစက်သုံးဆီ အရောင်းအဝယ် အလွန်နည်းပါးခဲ့တာကြောင့် လက်ရှိရန်ကုန်မှာ သိုလှောင်ထားတဲ့ စက်သုံးဆီအများအပြားရှိနေသေးလို့ စက်သုံးဆီပြတ်လတ်မှာကို လတ်တလောစိုးရိမ်စရာမရှိဘူးလို့ သိရပါတယ်။ လက်ရှိမှာတော့ စက်သုံးဆီ ဈေးနူန်းတွေမြင့်တက်လာနေပြီး လက်လီဈေးကွက်မှာဆိုရင် အောက်တိန်း ၉၂ တစ်လီတာကို ၁၀၀၀ ကျပ်အထိပင် ရှိနေပြီဖြစ်ပါတယ်။ Denko က ထုတ်ပြန်တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ စက်သုံးဆီဈေး နှုန်းထားမှာ အောက်တိန်း 92 က ၇၇၀ ၊‌ အောက်တိန်း 95 က ၈၈၀ ကျပ်၊ ဒီဇယ်က ၈၁၀ ကျပ်၊ ပရီမီယမ် ဒီဇယ် ၈၂၀ ကျပ် ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။ သတင်းအပြည့်အစုံ ဖတ်ရန် - https://www.duwun.com.mm/news/local-news/p-id48947 Credit: