
သာကေတ မြင်တော်သာသပိတ်စခန်း လူစုခွဲပြီးနောက် စစ်သားများက ရပ်ကွက်များအတွင်း သေနတ်ပစ်ဖောက်၍ ချိန်းခြောက် ရန်ကုန် ၂၀၂၁ မတ် ၂၀ (မော်ကွန်း) သာကေတ မြင်တော်သာလမ်းရှိ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်စခန်းမှ ဆန္ဒပြသူများ လူစုခွဲပြီးနောက် စစ်သားများက အဆိုပါ ဆန္ဒပြသပိတ်စခန်းအတွင်းဝင်ရောက်လာကာ အနီးနားမှရပ်ကွက်လမ်းများအတွင်း ရာဘာကျည်၊ အသံဗုံးများဖြင့် ပစ်ခတ်ခဲ့သည်။ အဆိုပါသပိတ်စခန်းမှာ နံနက် ၉:၀၀ နာရီတွင် ပြည်သူများ စုဝေးဆန္ဒပြခဲ့ပြီး နေ့လည် ၂:၀၀ နာရီခန့်တွင် ပြည်သူများက မိမိတို့ဘာသာ လူစုခွဲခဲ့ခြင်းဖြစ်ပြီး ဆန္ဒပြသူများ မရှိသည့်နောက်တွင် ရုပ်ရှင်ရုံမှတ်တိုင်တွင် အသင့်စောင့်ဆိုင်းနေသည့် စစ်သားများ ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။ သို့သော် ကျည်ဆန်ထိမှန်သူ၊ အဖမ်းဆီးခံရသူမရှိကြောင်း ယင်းရပ်ကွက်နေပြည်သူများကပြောသည်။ Credit: