No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

၂၀၂၀-၂၁ ဘဏ္ဍာနှစ်အကုန်တွင် မန္တလေးတိုင်းအတွင်း ၉၉ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းမည်ဟုဆို ===================================================== ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အကုန်တွင် မန္တလေးတိုင်းအတွင်းမှ ကျေးရွာပေါင်း ၄၇၃၇ ရွာထိ မီးလင်းမည်ဖြစ် သောကြောင့် ၉၉ ရာခိုင်နှုန်း လျှပ်စစ်မီးလင်းမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့ အဓိက ကျတဲ့ အခန်းကဏ္ဍမှာ လျှပ်စစ်မီးကလည်း အရေးကြီးပါတယ်၊ ဒါကြောင့် ဆရာတို့ အစိုးရ စတက်လာကတည်းက မန္တလေးတိုင်း တစ်တိုင်းလုံး မီးလင်းဖို့အတွက် အလေးပေးဆောင်ရွက်ခဲ့တယ်၊ အခုလက်ရှိ ဘဏ္ဍာနှစ်အကုန်မှာ ကျေးရွာပေါင်း ၄၇၃၇ ရွာထိ မီးလင်းမှာဖြစ်ပါတယ်၊ ရာခိုင်နှုန်းအနေနဲ့ဆိုရင်တော့ ၉၉ ရာခိုင်နှုန်းထိ မီး လင်းလာမှာပါဟု မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးဇာနည်အောင်က ပြောသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း၌ ကျေးရွာစုစုပေါင်း ၄၇၉၉ ရွာရှိသည့်အနက် ယခုဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၄၂၇၇ ရွာ လျှပ်စစ်မီးလင်းပြီးဖြစ်ရာ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅ ဘီလီယံဖြင့် ကျေးရွာပေါင်း ၁၄၅ ရွာနှင့် ၃၃/၁၁ကေဗွီ၊ 5MVA ခွဲရုံပေါင်း ၉ ရုံ တည်ဆောက်နိုင်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ ထို့အပြင် မန္တလေးခရိုင်အတွင်းရှိ ကျေးရွာများအားလုံး ဇန်နဝါရီလကုန်တွင် လျှပ်စစ်မီး ရရှိမည် ဖြစ်ကြောင်း မန္တလေးခရိုင် လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ သိရသည်။ မန္တလေးခရိုင်အတွင်း၌ ကျေးရွာပေါင်း ၃၁၀ ရှိသည့်အနက် ရာနှုန်းပြည့် လျှပ်စစ်မီးရရှိရန်အတွက် ပုသိမ်ကြီးမြို့နယ်အတွင်း ရှိ ဧရာဝတီမြစ်လယ် ကျွန်းပေါ်ကျေးရွာ ၉ ရွာနှင့် တောင်ပေါ်ကျေးရွာ ၃ ရွာသာ ကျန်ရှိတော့ကြောင်း သိရသည်။ မန္တလေးခရိုင်ထဲက ကျေးရွာတွေအားလုံး ဒီလကုန်မှာ လျှပ်စစ်မီးလင်းတော့မှာပါ၊ အဓိက ကျန်နေ တာက ပုသိမ်ကြီးမြို့နယ် ထဲက တောင်ပေါ်ရွာလေးတွေနဲ့ မြစ်လယ်ကျွန်းရွာလေးတွေပါ၊ တောင်ပေါ် က ကျေးရွာတွေကိုလည်း ဓာတ်အားလိုင်းနဲ့ ချိတ် ဆက်ထားပြီးပါပြီ၊ ကျွန်းရွာတွေအတွက်လည်း မြစ်ကျော်ဓာတ်အားလိုင်း တည်ဆောက်ပြီးဖြစ်ပါတယ်ဟု မန္တလေးခရိုင် လျှပ်စစ် ဓာတ်အားပေး ရေးကော်ပိုရေးရှင်းမှ လက်ထောက်အထွေထွေမန်နေဂျာဦးအေးကျော်က ပြောသည်။ ယခုအခါ မန္တလေးတိုင်းဒေသကြီးတွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ တစ်နှစ်လျှင် ပျမ်းမျှ ၁၅ ရာခိုင် နှုန်းခန့် ပိုမို သုံးစွဲလျက် ရှိရာ တိုင်းဒေသကြီးအတွင်း ရာနှုန်းပြည့် မီးလင်းနိုင်ရေးအတွက် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေမှ ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်မှ စတင်၍ ငွေကျပ် ၉၃ ဘီလီယံသုံးစွဲဆောင် ရွက်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ ထိုသို့ လုပ်ဆောင်မှုများအနက် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်အကုန်တွင် မဟာဓါတ်အားလိုင်းစနစ် မရောက် ရှိနိုင်သည့် တောင်ပေါ် ရွာနှင့် ဧရာဝတီမြစ်အတွင်းရှိ ကျွန်းရွာ ၆၂ ရွာမှအပ ကျေးရွာပေါင်း ၄၇၃၇ ရွာ မီးလင်းမည်ဖြစ်ကာ ဓာတ်အားမရောက်နိုင် သည့် ကျေးရွာ ၆၂ ရွာအား ဆိုလာ (သို့မဟုတ်)ဒီဇယ်အင် ဂျင်ဖြင့် မီးပေးနိုင်ရေးကိုလည်း စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ နိုင်ထူး(သတင်း-ဓာတ်ပုံ) Crd