
မန္တလေးမြို့တော်ဝန်အဖြစ် တိုင်းဝန်ကြီးဟောင်း ဦးကျော်ဆန်းကို ခန့်အပ် မန္တလေး၊ ဖေဖော်ဝါရီ ၇ တပ်မတော်က အာဏာသိမ်းလိုက်ပြီးနောက် မန္တလေးမြို့တော်ဝန်အဖြစ် ဦးကျော်ဆန်းကို ခန့်အပ်ကြောင်း ယနေ့ညပိုင်းတွင် သတင်းထုတ်ပြန်သည်။ ဦးကျော်ဆန်းသည် ၂၀၁၀ ရွေးကောက်ပွဲ၌ မြင်းခြံ အမှတ်(၁) မဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုယ်စားပြု ယှဉ်ပြိုင်အနိုင်ရခဲ့ပြီးနောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အဆိုပါမဲဆန္ဒနယ်ပင် ထပ်မံယှဉ်ပြိုင်ခဲ့သော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲ၌မှု ယှဉ်ပြိုင်ခြင်း မရှိခဲ့ပေ။ ဒီချုပ်အစိုးရလက်ထက် မန္တလေးမြို့တော်ဝန် (တိုင်းစည်ပင်ဝန်ကြီး)အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ပြင်ပပညာရှင် ဒေါက်တာရဲလွင်သည် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ရာထူးစွန့်လွှတ်ခဲ့ကြောင်း ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ ယနေ့ ဖော်ပြထားသည်။ ဓာတ်ပုံများ- Naing Win Tun/Mandalay In-depth News #Mandalay_Indepth_News #မြို့တော်ဝန် Credit: