No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

၂၀၂၁ ဇန်နဝါရီလ ၁၃ ရက် နံနက် ၁ နာရီအချိန်ခန့်က စူရတ်ဌာနီခရိုင် ကော့စမွီကျွန်းတွင် မြန်မာနိုင်ငံကို ပြန်ပို့ရန် ရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အသက် ၂၁ နှစ်အရွယ် မြန်မာအမျိုးသမီးတစ်ဦးကို အချုပ်ခန်းစောင့် ထိုင်းရဲမှ အချုပ်ခန်းထဲကခေါ်ထုတ်ကာ ရဲစခန်းထဲက ရုံးခန်းအတွင်း သားမယားပြုကျင့်မှု ဖြစ်ပွား ! . အခင်းဖြစ်ပွားပြီးနောက် ဆွေမျိုးများ ထောင်ဝင်စာလာတွေ့ချိန်မှာ မိုးသူဇာ (အမည်လွှဲ) က ဖြစ်ကြောင်း ကုန်စင်ပြောပြပြီး ဆွေမျိုးများက ရဲချုပ် ယွတ်ထနာ စီရီစွန်ဘတ် ကို သွားရောက်တိုင်ကြားခဲ့တာကြောင့် ရဲမှုး ယွတ်ထနာ စီရီစွန်ဘတ် က စုံစမ်းစစ်ဆေးရေးအရာရှိကို တာဝန်လွှဲပြောင်းပေးပြီး အမှုကိုစစ်ဆေးစေခဲ့တယ် လို့သိရပါတယ်။ . အမှုစုံစမ်းစစ်ဆေးပြီး ပြစ်မှုမြောက်ကြောင်းထင်ရှားတာကြောင့် ဒုတိယရဲမှုးကြီး ဒင်ချိုင် ဘွန်ထမ် က မဒိန်းမှုကျူးလွန်ခဲ့တဲ့ ရဲကို မုဒိမ်းမှုကျူးလွန်ရန် အားထုတ်မှု၊ အားနည်းသူကိုညှင်းပန်းနှိပ်စက်မှု ၊ တာဝန်ချိန်မှာတာဝန်လစ်ဟင်း မှု ၊ တရားခံအားလွတ်မြောက်စေရန်ရည်ရွယ်၍ပြင်ပသို့ခေါ်ထုတ်မှု စတဲ့ပြစ်မှုတွေ နဲ့တရားဆွဲဆိုထား တယ်လို့သိရပါတယ်။ . သားမယားပြုကျင့်ခံရတဲ့ မြန်မာအမျိုးသမီးကို ကော့စမွီဆေးရုံကို ပို့ဆောင်စစ်ဆေးခဲ့ပြီး ပြစ်မှုကျူးလွန်ခဲ့တဲ့ ရဲကိုတော့ ရဲဝန်ထမ်းရာထူးမှထုတ်ပယ်ကာ ၇ ရက်အတွင်း ပြစ်မှုကို အဆုံးသတ်စစ်ဆေးသွားမည် ဖြစ်ကြောင်းသိရသည်။ ယခုဖြစ်ပွားခဲ့တဲ့ ပြစ်မှုမှာ ရဲချုပ် ယွတ်ထနာ စီရီစွန်ဘတ် ကိုယ်တိုင်က တရားလိုအဖြစ် ပြစ်မှုကျူးလွန်ခဲ့ တဲ့ ရဲကိုတရားဆွဲဆို ပေးခဲ့တာပါ။ ပြစ်မှုကျူးလွန်ခဲ့တဲ့ရဲကို တရားဥပဒေအရ ထိရောက်စွာအရေးယူသွားမည် ဖြစ်ကြောင်းသိရသည်။ . Ref : Ch7 သတင်း : Win Htet Aung . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlif Credit: