
လှိုင်မြို့နယ် ဘူတာရုံလမ်း ဖြိုခွင်းခံရမှုမှာ ဖမ်းဆီးခံရသူတစ်ဦးလွတ်မြောက်လာ လှိုင်မြို့နယ် ၊ ဘူတာရုံလမ်းဘက်မှာ နေ့လယ် ၂နာရီဝန်းကျင်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်နေတဲ့ လူအုပ်စုကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုပြုလုပ်စဉ် အမျိုးသားတစ်ဦး ဖမ်းဆီးခံခဲ့ရပါတယ်။အဆိုပါအမျိုးသားကို ပြန်လည်လွှတ်ပေးဖို့ သံဃာတော်တွေအပါအဝင် ရပ်ကွက်နေပြည်သူတွေကပါ တောင်းဆိုတာကြောင့် ညနေ ၅နာရီဝန်းကျင်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ သိရပါတယ်။ အဆိုပါအမျိုးသားက ဆန္ဒဖော်ထုတ်သူ လူအုပ်စုထဲကမဟုတ်ဘဲ ခရီးဖြတ်သန်းသွားလာသူဖြစ်တယ်လို့လည်း သိရပါတယ်။ Credit: