
တာမွေတွင် ဦခေါင်းကျည်ထိ၍ တစ်ဦးကျဆုံး ရန်ကုန် - ၂၀၂၁ မတ် ၂၀ (မော်ကွန်း) ရဲနှင့်စစ်သားများ၏ ပစ်ခတ်မှုကြောင့် တာမွေမြို့နယ်၊ ကျောက်မြောင်းတွင် ယနေ့ နေ့လယ် ၁ နာရီ ဝန်းကျင်၌ လူငယ်တစ်ဦး ဦးခေါင်းကျည်ထိကာ ကျဆုံးခဲ့သည်။ ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်း၊ ကျားကွက်သစ် ရပ်ကွက်၊ မြို့သစ်(၂) လမ်းပေါ် တွင် ပစ်ခတ်ခံရ၍ ကျဆုံးခဲ့ခြင်းဖြစ်သည်။ ချောင်းမြောင်းပစ်ခတ်သည့် ရဲတစ်ဦး၏ ပုံကိုလည်း ရပ်ကွက်နေသူများက မှတ်တမ်းတင်ထားနိုင်သည်။ နေ့လယ် ၁၂ နာရီ ဝန်းကျင်တွင် တာမွေမြို့နယ် အတွင်းရှိ ရပ်ကွက်များအတွင်းသို့ ရဲနှင့်စစ်သား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်ပစ်ခတ်မှုများ ပြုလုပ်ပြီးနောက် ယခုကဲ့သို့ တစ်ဦးကျဆုံးခဲ့ခြင်း ဖြစ်သည်။ ဓါတ်ပုံ- CJ Credit: