ထိုင်းကမြန်မာစစ်တပ်ကိုဆန်အိတ် ၇၀၀ နှင့် အခြားကုန်ပစ္စည်းတွေကို ထောက်ပံ့နေသည်ဟု ထိုင်းမီဒီယာကတွေက ဖော်ပြထားပါတယ်။ လူမှုကွန်ရက်များမှာလဲ ၎င်းပို့ဆောင်တဲ့ ကုန်ပစ္စည်းများကို နယ်ခြားစောင့် KNU (ကော်သူးလေ) တပ်ဖွဲ့တွေက သိမ်းလိုက်ပြီးဆိုတဲ့သတင်းတွေလဲ ထွက်ရှိလာပါတယ်။ . ထိုကိစ္စပတ်သက်ပြီး ထိုင်းခြေလျင်တပ်မဟာမှူး နိုင်အန်နာ့ စီမာ့ က ထိုင်းအစိုးရဘက်က မြန်မာစစ်တပ်ကို ဆန်နှင့်အခြားကုန်ပစ္စည်းတွေထောက်ပံ့နေသည်ဟု ထွက်ရှိလာတဲ့သတင်းသည် မဟုတ် မမှန်သတင်းဖြစ်ပါတယ်။ ပြီးတော့ ဒီအပိုင်းကိုတာဝန်ယူတဲ့ အရာရှိတွေလဲဖွဲ့စည်းမထားသလို မြန်မာစစ်တပ်ဘက်ကလည်း ဆက်သွယ်အကူညီတောင်းရမ်းလာတာ မရှိသေးဘူးဟု ပြောပါတယ်။ ဒီကိစ္စဟာ အရောင်းအဝယ်လုပ်နေတဲ့သူတွေဖြစ်ကြမှာပါ နယ်စပ်ကုန်တင်ကုန်ချအရောင်းအဝယ်ကဏ္ဍတွေကို ပိတ်ပင်ထားတာမရှိသေးပါဟု ပြောခဲ့ပါတယ်။ . ထိုကိစ္စနဲ့ပတ်သက်ပြီး KNU (ကော်သူးလေ)က အိမ်နီးချင်းနိုင်ငံတွေက စစ်တပ်ကိုမထောက်ပံ့ဖို့ သတိပေးတဲ့ထုတ်ပြန်စာ ထွက်ရှိလာပါတယ်။ ဖော်ပြချက်ထဲမှာ . “ယခုမိမိတို့ပိုင်နက် နယ်မြေသို့ရောက်ရှိနေသော မြန်မာစစ်အာဏာရှင်စစ်သည်များအတွက် တာဝန်ယူပြီး ရိက္ခာပံ့ပိုးကူညီသယ်ဆောင်ပေးခြင်း ပြုလုပ်နေမှုအား လုံးဝလက်ခံမည်မဟုတ်ပေ။ မြန်မာစစ်အာဏာရှင်သက်ဆိုးရှည်ပြီး ပြည်သူများအား ဆက်လက်နှိပ်စက်ညှင်းပန်းသတ်ဖြတ်မှုကို အားပေးခြင်းဖြစ်သည် ထိုကြောင့် ကျွန်ုပ်တို့မြေ မူတြော်ခရိုင် တပ်မဟာ (၅) အတွင်းသို့ သယ်ယူခွင့်မပေးခြင်း ထောက်ပံ့နေတဲ့သူတွေကိုလဲ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်၊ လုပ်ရပ်များကို ကေအဲန်ယူဘက်က တာဝန်ယူမည်မဟုတ်ကြောင်းလဲ ထုတ်ပြန်စာထဲတွင် ဖော်ပြထားပါသည်။ . မတ်လ ၂၀ ရက်နေ့ကတည်းက ရေကြောင်းများအတိုင်း ၎င်းကုန်ပစ္စည်းများကိုသယ်ယူပို့ဆောင်ဖို့ စီစဉ်ထားသော်လည်း လက်တလောထွက်ရှိလာတဲ့သတင်းများကြောင့် မည်သူမည်ဝါဖြစ်ကြောင်းသတင်းတွေ ထွက်ရှိလာတာမသိရသေးပေမဲ့ ကုန်ပစ္စည်းများသည်လဲ နယ်စပ်ကမ်းစပ်တနေရာတွင် ချထားခဲ့သည်အတိုင်း ရှိနေသေးကြောင်းလဲ နောက်ဆုံးရအနေနဲ့ သတိရပါတယ်။ . #MyanmarLive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #Posted_Ko_Chit -------------------------------------------- Credit:
