No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

လက်ပါးစေများကိုတရားစွဲမည် CDM များကို ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ချီးမြှင့်မည် မတ် ၃၁ ရက်တွင် CDM တံခါးပိတ်မည်ဟု CRPH ထုန်ပြန် . စစ်ကောင်စီ၏လက်ပါးစေများက ယနေ့ (မတ်လ ၂၂) တွင် ရုံးများနှင့်ကျောင်းများပြန်တက်ကြရန် အမိန့်ပေးညွှန်ကြားထားပြီး မလိုက်နာသည့်ဝန်ထမ်းများကို အလုပ်မှယာယီရပ်ဆိုင်းခြင်း ထုတ်ပယ် ခြင်း နှင့်ဝန်ထမ်းအိမ်ရာမှဖယ်ရှားရန် ဖိအားပေးနေခြင်းနှင့်ပတ်သက်ပြီး အဆိုပါအမိန့်ပေးသူများကို အပြည်ပြည်ဆိုင်ရာ ကျင့်ထုံးဥပဒေများနှင့်အညီ တရားစွဲအပြစ်ပေးသွားမည်ဟု CRPH မှ ယမန်နေ့ တွက်ထုတ်ပြန်ထားသည်။ . တဆက်တည်းတွင် အပြစ်ပေးခံရသည့်နိုင်ငံဝန်ထမ်းများကို ပြည်သူ့အစိုးရက အလုပ်နေရာနှင့်နစ်နာ မှုများကို မူလအတိုင်းပြန်လည်ရရှိစေရေးအတွက် အပြည့်အဝအာမခံကြောင်း ဖော်ပြထားသည်။ . တချိန်တည်းတွင် လာမည့် မတ်လ (၃၁) ရက်နေ့တွင် အကြမ်းမဖက် ပြည်သူ့အာဏာဖီဆန်မှု CDM တံခါးကို ခြွင်းချက်မရှိပိတ်သိမ်းမည်ဟု ထုတ်ပြန်ထားသည်။ . ယင်းထုတ်ပြန်ချက်တွင် Non CDM ဝန်ထမ်းများကို ထိရောက်စွာအရေးယူမည်ဖြစ်ကြောင်း၊ ပြည်သူနှင့်အတူသစ္စာရှိရှိ ရပ်တည်ပြီး တိုက်ပွဲဝင်ခဲ့သော နိုင်ငံ့ဝန်ထမ်းများကို ဦးဆောင်မှုကဏ္ဍတွင် ဂုဏ်ပြုတဝန်ပေးအပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်မှု ယန္တယားသစ်ကိုလည်း တည်ဆောက်သွားမည်ဖြစ် ကြောင်း ဖော်ပြထားသည်။ . ထို့ပြင် နိုင်ငံ့ဝန်ထမ်းအားလုံးအနေဖြင့် ပြည်သူနှင့်တကွအချိန်မီရပ်တည်ပြီး CDM ပါဝင်ကြရန် နောက်ဆုံးတိုက်တွန်းလိုက်သည်ဟု ဖော်ပြထားသည်။ . သတင်း : ရွှေကရင် (ရာမညမြေ) ဓာတ်ပုံ : FB . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague . Credit: