လူသေဆုံးတဲ့အထိဖြိုခွဲခံရပေမယ့် မုံရွာမှာသပိတ်တွေဆက်ရှိနေ မုံရွာ သပိတ်စစ်ကြောင်းတွေ အင်အားသုံးဖြိုခွဲခံရပေမယ့် စစ်အာဏာရှင် ဆန့်ကျင် ရေးလူထုသပိတ်ကို မြို့ခံတွေက ဒီကနေ့ မတ်လ (၂၂) ရက် မှာ ဆက်လုပ်ခဲ့ကြပါတယ်။ မနေ့က မုံရွာမှာရဲနဲ့ စစ်တပ်ရဲ့ အင်အားသုံးဖြိုခွဲမှုကြောင့် ပြည်သူ (၁)ယောက်သေဆုံးပြီး (၆)ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပါသေးတယ်။အာဏာသိမ်းရက် (၅၀)ကာလအတွင်း မုံရွာဆန္ဒထုတ်ဖော်မှုတွေဖြိုခွဲခံရလို့ သေဆုံးရသူဟာ အနည်းဆုံး(၁၂ ) အထိရှိနေပြီး၊ ဒဏ်ရာရရှိခဲ့သူအများအပြားရှိခဲ့ပါတယ်။ ဘီဘီစီမြန်မာပိုင်း Credit:
