
စခန်းဝင်စီးမယ်ဆိုတဲ့သတင်းတွေကြောင့် ရဲစခန်းစွန့်ခွာမှုတွေရှိနေ စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ နဘားရဲကင်းစခန်းက ရဲတပ်သားေတွနဲ့ သူတို့ရဲ့မိသားစုတွေအပါအဝင် ၁၅ ဦးခန့်က ဒီနေ့ကမှာပဲ စခန်းကိုစွန့်ခွာကာ အင်းတော်မြို့မရဲစခန်းကို သွားရောက်ပူးပေါင်းလိုက်တယ်လို့ သိရပါတယ်။ ရဲစခန်းဝင်စီးမယ်ဆိုတဲ့ သတင်းတွေကြောင့် အခုလို စခန်းစွန့်ခွာတာတွေဖြစ်နိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကသာခရိုင်အတွင်းက ကောလင်းမြို့နယ်၊ ခံသာရဲကင်းစခန်းကို ဒေသခံတွေ သွားရောက်ဝိုင်းတာမျိုးတွေလည်းရှိခဲ့ပြီး ရဲတချို့ဒဏ်ရာရတာတွေရှိတဲ့အတွက် စခန်းစွန့်ခွာဖို့ တောင်းဆိုမှုတွေရှိခဲ့ပြီး ကောလင်းမြို့မရဲစခန်းကို သွားရောက်ပူးပေါင်းတာတွေရှိခဲ့ပါတယ်။ အလားတူ ပုလဲမြို့နယ်က ချင်ပြစ်ရဲကင်းစခန်း၊ လဲကန်နယ်မြေစခန်း၊ ကန့်ဒေါင့်နယ်မြေစခန်း၊ ကနီမြို့နယ်အတွင်းက ကင်း၊ လာပို့၊ နတ်လာဘို့ စတဲ့ရဲကင်းစခန်းတွေကလည်း ရဲမရှိတော့ဘဲ စခန်းစွန့်ခွာမှုတွေရှိနေတယ်လို့ အဆိုပါဒေသခံတွေက ပြောပါတယ်။ လိုင်းခန်းတွေမှာ လူမရှိတော့ဘဲ မိသားစုလိုက်ပြောင်းကြတာလို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။ CDM လုပ်တဲ့ရဲတွေလည်း စစ်ကိုင်းတိုင်းအတွင်းမှာတော်တော်များများရှိနေပြီး ရဲအင်အားတွေလည်း နည်းပါးလာနေတာဖြစ်ပါတယ်။ #dvbtvnews #RejectMilitaryCoup #whatishappeninginmyanmar Credit: