No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မီးလောင်ခံခဲ့ရတဲ့ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်း ပြန်ဆောက်ဖို့ ပြင်ဆင် ~~~~~ ■ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ မီးလောင်ခဲ့လို့ ဒုက္ခသည်ပေါင်း ၂၅၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ တိမ်ညိုစစ်ဘေးဒုက္ခသည်စခန်းကို ဒီရက်ပိုင်းအတွင်း ပြန်လည်တည်ဆောက်မယ်လို့ စခန်းတာဝန်ရှိသူတွေက ဒီနေ့ပြောပါတယ်။ မတ်လ ၁၇ ရက်နေ့ ည ၈ နာရီလောက်က ပေါ့ဆမီးကြောင့် တိမ်ညိုစစ်ဘေးဒုက္ခသည် စခန်းက မိသားစုတွေနေထိုင်တဲ့ အခန်းပေါင်း ၈၇၅ ခန်းထဲက ၆၆၃ ခန်း မီးလောင် ဆုံးရှုံးခဲ့ပါတယ်။ ဒုက္ခသည်တွေအနေနဲ့ မူလဒုက္ခသည်စခန်းမှာ ဆက်မနေလိုဘဲ နေရပ်ပြန်လိုပါက ပြန်နိုင်ကြောင်း အာဏာပိုင်တွေက ပြောထားပေမယ့် ဒုက္ခသည်တွေကတော့ လုံခြုံရေး စိတ်မချရသေးလို့ဆိုပြီး နေရပ်ပြန်ဖို့ ငြင်းဆန်နေကြတာဖြစ်ပါတယ်။ မီးဘေးသင့် စစ်ဘေးဒုက္ခသည်တွေဟာ အခုလက်ရှိမှာ တိမ်ညိုကျေးရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာ ယာယီခိုလှုံနေကြရပါတယ်။ Credit: